Part-15(A lot Of Love)

2.1K 240 3
                                    

(Unicode)

(A lot of love)
ရှောင်းကျန့် မီးရောင်စုံတွေဖြိုးဖြိုးဖျက်ဖျက်နဲ့လူကုံထံအသိုင်းဝိုင်းတွေသာတက်ရောက်ကြတဲ့Xiao Company နှစ်ပတ်လည်ပါတီပွဲကိုရောက်နေခြင်း။

အိမ်မှာတစ်ယောက်တည်းကျန်ခဲ့တဲ့Peonyကြောင့်ရယ်ဒီလိုပကာသနတွေနဲ့နေရခြင်းကိုစိတ်ကျဥ်းကျပ်တာ​ကြောင့်ရယ်လကပြန်ချင်လွန်းလို့ဖင်တကြွကြွ။

သူရှောင်ထွက်ဖို့ကြိုးစားပြန်ရင်လည်းပါးကဒေါ်ရိုစီနဲ့အတူထိုင်နေရာကနေအံကြိတ်ရာဟန့်တားနေတာကြောင့်ရှောင်းကျန့်မှာတကယ့်ကျဥ်းထဲကျပ်ထဲ။

တအောင့်နေတော့ပါးကstateပေါ်တက်သွားကာရှည်လျှားလွန်းတဲ့သြဝါဒ​ခြွေတမ်းကိုလည်းရှောင်းကျန့်အောင့်အီးကာသည်းခံနေရတဲ့အပြင်နဘေးကဒေါ်ရိုစီရဲ့တူမMerryဆိုတဲ့မိန်းကလေးရဲ့ပတ်ချွဲနှပ်ချွဲကိုကို ကိုကိုနဲ့အရေမရအဖတ်မရစကားတွေကိုလည်းနားထောင်နေရတာရှောင်းကျန့်နားငရဲခံနေရသလိုလုံးဝအဆင်ပြေမနေ။

"ဟေ့...ဘယ်သူ့ကို ကိုကိုလို့လာခေါ်နေတာလဲ ငါမင်းကိုကိုမဟုတ်ဘူး..."

"ကိုကိုကလည်း...Merryကိုအဲ့လိုစိမ်းစိမ်းကားကားမပြောပါနဲ့လား..."

"ကျစ်...စိတ်ရှုပ်ဖို့ကောင်းလိုက်တာ..."

"အော်...သမီးMerryကသားကျန့်နဲ့အတော်တောင်ရင်နှီးနေပြီကို..."

ဒေါ်ရိုစီကရှောင်းကျန့်တို့ဝိုင်းကိုဝိုင်ခွက်နှစ်ခွက်ကိုင်ကာလျှောက်လာရင်းပြောတယ်။

"ဘာမှမရင်းနှီးဘူး...ဒေါ်ရိုစီခများတူမကိုကျွန်တော့်အနားမလာစေနဲ့ ကျွန်တော်စိတ်သိပ်ကြည်နေတာမဟုတ်ဘူး..."

"ဟာ...ကိုကိုကလည်း Merryကိုဆိုအဲ့လိုကြီးပဲ..."

"ဘာလို့လဲသားကျန့်ရဲ့...ညီမလေးကသားကျန့်ကိုသံယောဇဥ်ရှိနေတဲ့ဟာ..."

"အဟက်...ဒေါ်ရိုစီ ခများအကြံကိုကျွန်တော်မသိဘူးများထင်နေလား...ခများကပါးတင်မကဘူး ကျွန်တော့်ကိုပါခများတူမနဲ့ထောင်ပြီး ချုပ်ဖို့လုပ်နေတယ်ဆိုတာ...စိတ်ချပါကျွန်တော်ကလည်း အဲ့အမွေတွေကိုခများလိုငမ်းငမ်းတက်လိုချင်နေတာမဟုတ်ဘူး...ပါးနဲ့ကျွန်တော့်ရဲ့သားအဖပတ်သတ်မှုသာရှိမနေခဲ့ရင် ခများတို့နဲ့ပတ်သတ်ဖို့ဆိုတာဝေးသေး..."

ALIEN LOVER[Complete]Where stories live. Discover now