Part-14(Never Mind)

2.2K 241 7
                                    

(Unicode)

(Never Mind)
ဒုန်း! ခွမ်း! ခလွမ်း! (ဘာတွေဖြစ်😅)

ရှောင်းကျန့် ညကအနည်းငယ်ပင်ပန်းထားတာမို့ အရင်နေ့တွေကထက်အနည်းငယ်နောက်ကျမှ အိပ်ရာကနိုးလာတယ်။မျက်လုံးဖွင့်ဖွင့်ချင်းသူ့ရင်ခွင်ထဲPeonyမရှိတာကြောင့် ဟာတာတာဖြစ်နေခြင်းနဲ့အတူ သာယာနာပြောဖွယ်အသံမျိုးစုံတို့ကစည်းကြိုလို့။

ရှောင်းကျန့် အသံလာရာမီးဖိုဆောင်ဘက်သွားချောင်းကြည့်မိတော့ ဒယ်အိုးတွေ ဒန်အိုးတွေ ဓားပြားတွေနဲ့နှပါးသွားနေတဲ့ ဂြိုလ်သားလေးPeony။Peonyကရေခဲသတ္တာထဲရှိသမျှအသီးအရွက်တွေတခုပြီးတခုထုတ်ယူကာ ဓားနဲ့ခုတ်လိုက်ထစ်လိုက် ဒန်အိုးထဲပစ်ထည့်တဲ့ဟာကပစ်ထည့်ဒယ်အိုးနဲ့မွှေတဲ့ဟာကမွှေနဲ့တစ်ယောက်တည်းအလုပ်ရှုပ်နေလေရဲ့။

Peonyကစိတ်မရှည်လို့ထင်ပါ့ဓားကိုတစ်ချောင်းတည်းတောင်မဟုတ်ဓားနှစ်လက်ကိုလက်နှစ်ဖက်လုံးမှာမအားလပ်နိုင်အောင်ကိုင်လို့တကယ့်စားဖိုမှူးပေါက်စလေးလိုအေပရွန်ကြီးကိုလည်းကျကျနနဝတ်ထားသေး။ရှောင်းကျန့်လည်းဂြိုလ်သားလေးဂြိုလ်မွှေလို့ဝတဲ့အထိမီးဖိုဆောင်တံခါးဘောင်ကိုပုခုံးမှီကာPeonyလုပ်သမျှကိုတခုချင်းစီလိုက်ကြည့်နေလိုက်တယ်။

"အယ်...ကျန့်ကျန့် နိုးပြီလား..."

Peonyကခုမှသူ့ကိုတွေ့သွားဟန်ယောင်းမကြီးကိုင်လို့မျက်လုံးလေးပြူးကြည့်ရင်းမေးတယ်။

"အဟွန်း...ကိုယ့်စားဖိုမှူးလေး လက်စွမ်းပြနေတာ...ဟာ Peonyသတိထား..."

ရှောင်းကျန့် ပြောလို့မဆုံးသေးPeonyရှေ့ကအသီးရွက်မျိုးစုံနဲ့ဒန်အိုးကြီးကအပြင်ကိုအစာတွေလျှံကျလာတဲ့အထိဆူပွတ်လာတော့ရှောင်းကျန့်ပြူးပြူးပျာပျာနဲ့Peonyအနားလျှောက်သွားလိုက်ကာမီးဖိုပေါ်ကဒန်အိုးကြီးကိုလက်အိပ်နဲ့မယူပြီးဘေစဥ်ထဲအမြန်ချလိုက်ရတယ်။

"ဟူး...တော်ပါသေးတယ် Peonyဘယ်နားပူသွားသေးလဲ ကိုယ့်ကိုပြပါဦး..."

"ဟအင်း...ကျွန်တော်ဘာမှဖြစ်ပါဘူး ဒါမဲ့ကျွန်တော်ရဲ့မနက်စာလေး..."

ရှောင်းကျန့် Peonyလက်နှစ်ဖက်ကိုကိုင်ကာစိုးရိမ်တကြီးမေးတော့Peonyကမျက်နှာငယ်လေးနဲ့ဘေစဥ်ထဲကဗရုတ်သုတ်ခဒန်အိုးကြီးစီအကြည့်ပို့ကာဖြေတယ်။သူတို့ရဲ့အကောင်းစားမနက်စာကြီးကိုနှမြောနေပုံပဲ။

ALIEN LOVER[Complete]Onde histórias criam vida. Descubra agora