Part-13(Everything&Ratio)

2.4K 267 1
                                    

(Unicode)

(Everything&Ratio)
"ကျန့်ကျန့်...မပြီးသေးဘူးလားဗျာ ကျွန်တော်စောင့်နေရတာကြာကြီးရှိနေပြီ..."

ရှောင်းကျန့် ရေချိုးခန်းထဲဝင်တာ15minsပင်မပြည့်သေးအကောင်ပေါက်လေးကသူ့ကိုအသံတစာစာနဲ့နားပူနားဆာတိုက်ကာငြိုငြင်နေလေပြီ။အကြောင်းကား ကစားကွင်းလိုက်ပို့ပေးမယ်ဟုပြောထားသောကြောင့်။တချိန်လုံးအိမ်တွင်းပုန်းနေရတော့ အပြင်လောကကိုစူးစမ်းချင်တဲ့Peonyရဲ့စောဒကတက်မှုကိုလည်းအပြစ်မဆိုသာ။

"ခဏလေးပါPeonyရာ...ကိုယ်ရေတော့ပြီးအောင်ချိုးပါရစေဦး..."

ရှောင်းကျန့် ပြောပြီးရေချိုးခန်းအပြင်ကဂြိုလ်သားပေါက်ရဲ့အသံတစာစာကိုခွန်းတုံ့ပြန်မနေတော့ပဲရေချိုးခြင်းအမှုကိုပြီးမြောက်အောင်လုပ်ဆောင်လိုက်တော့တယ်။ရှောင်းကျန့်ရေချိုးခန်းထဲကပြန်ထွက်လာတော့အိပ်ခန်းအခြေနေကိုမြင်ကာလူကထိုင်ငိုချင်စိတ်ပါပေါက်သွားတယ်။

အသန့်ကြိုက်တတ်တဲ့ရှောင်းကျန့်ရဲ့အိပ်ခန်းလေးကဂြိုလ်သားလေးPeonyလက်ချက်နဲ့ဗီရိုထဲမှာရှိတဲ့အဝတ်တွေကကြမ်းပြင်ပေါ်မှာဟိုဟိုဒီဒီပြန့်ကျဲနေကာခုထိဂြိုလ်သားပေါက်ကဗီရိုရှေ့မှာမိတ်မိတ်ကြီးထိုင်ပြီးအဝတ်တွေတထည်ပြီးတထည်ထုတ်ကြည့်လိုက်အလိုမကျသလိုခေါင်းခါရမ်းရင်းရောက်ချင်ရာရောက်ပစ်ထုတ်လိုက်နဲ့လုပ်ကောင်းတုန်း။

"ဟာ...Peonyသွားပါပြီ ဘာတွေလုပ်နေတာလဲကွာ အိပ်ခန်းကိုလည်းကြည့်ဦး မြွေဝင်ခွေလို့ရနေပြီ..."

"အယ်...ကျန့်ကျန့်ရေချိုးလို့ပြီးပြီလား ကျွန်တော်ကျန့်ကျန့်တွက်အက်ျီရွေးပေးနေတာ..."

"အောင်းမလေး...ကျေးဇူးကြီးမြတ်လှပါတယ် ကိုယ့်ရဲ့အိမ်သူသက်ထားလေးရယ်... လာဒီမှာအေးအေးဆေးဆေးထိုင်နေနော် အက်ျီရွေးပေးရလို့မောနေပါဦးမယ်...ကိုယ့်ဘာသာအဆင်ပြေတာယူဝတ်လိုက်မယ်နော် လိမ္မာတယ်..."

ရှောင်းကျန့် ဗီရိုရှေ့မှာထိုင်နေတဲ့Peonyကိုထူပေးလိုက်ကာမွေ့ယာပေါ်မှာထိုင်စေတော့ဂြိုလ်သားပေါက်ကအလိုမကျသလိုနှုတ်ခမ်းကိုတတောင်လောက်ထော်လို့။ရှောင်းကျန့်လည်းကြမ်းပြင်ပေါ်ပြန့်ကျဲနေတဲ့အဝတ်တွေကိုတထည်စီလိုက်ကောက်ရင်းကုတင်ပေါ်မှာထိုင်ကာသူ့ကိုဘုကြည့်ကြည့်နေတဲ့အကောင်ပေါက်ကြောင့်ခေါင်းကိုအသာခါရမ်းရင်းပြုံးလိုက်မိတယ်။အကုန်သိမ်းလို့ပြီးတော့ရှောင်းကျန့်ရှပ်တထည်နဲ့အပေါ်ကကုဒ်အက်ျီထပ်ဝတ်လိုက်ကာသူ့ကိုမကြည်ကြည့်နေတဲ့အကောင်ပေါက်စီလျှောက်သွားလိုက်တယ်။

ALIEN LOVER[Complete]Where stories live. Discover now