EP -1

5.1K 233 26
                                    

”ငါတို့ကွာရှင်းရအောင် ဒီရာ ”

မောင့်ရဲ့ ကွာရှင်းရအောင်ဆိုတဲ့ စကားသံကြောင့်
တုန်လှုပ်မိတယ်။

မောင်ဖောက်ပြန်နေတာ သိပင်မဲ့
အချိန်တန် သူ့စီသာပြန်လာလိမ့်မယ်လို့ ထင်ခဲ့တာ
သူမှားပြီလား။

”မောင် ဘာဖြစ်နေတာလဲ မောင်ရယ်
မောင်စိတ်ဆိုးနေတယ်ဆိုလည်း ဒီရာချော့မယ်လေ ”

မောင့်လက်ကလေးကို ကိုင်ပြီး ပြောတော့
မောင် ကလက်တွေကို ဖြုတ်ချကာ
ကျွန်တော့်ကို စိုက်ကြည့်ပြီး

”ငါ သစ္စာ ကို လက်ထပ် ချင် လို့ မင်းကွာရှင်းပေး”

မောင်ရယ် ပြောရက်လိုက်တာ မောင့်ကိုချစ်လွန်း
လို့ လက်ထပ်ခဲ့တဲ့ ကျွန်တော့်ကို အခုတော့
လွယ်လွယ်စွန့်ပစ်နေပြီ ။

တခြားမိန်းမတစ်ယောက်အတွက်နဲ့ပေါ့

သစ္စာ ဆိုတဲ့ ကောင်မလေးနဲ့ မောင်ဖောက်ပြန်
နေတာ ​ခြောက်လလောက်တောင်ရှိတော့မယ်။

မောင်နဲ့ကျွန်တော် တွဲခဲ့တာ လွန်ခဲ့တဲ့ သုံးနှစ်လောက်
ကတည်းက အခုမောင်က သုံးနှစ် သံယောဇဥ်ကို
မထောက်ပဲ ခြောက်လတည်း တွေ့ဖူးတဲ့
ကောင်မလေးနဲ့ လက်ထပ်မယ်တဲ့လား ။

”မောင် ပြောတော့ ဒီရာ ကို ချစ်တယ်ဆို ”

မောင့်မျက်နှာလေးကို ကိုင်ပြီးမေးတော့
မောင်က တဖက်ကို မျက်နှာလွှဲသွားတယ်

”ငါ သစ္စာ ကိုပဲချစ်တယ် ”

စားပွဲပေါ်က ဖုန်းလာတာကြောင့် ကြည့်လိုက်တော့
မောင့်ရဲ့ ဖုန်း
Contact မှာ အသဲလေး တဲ့

ရင်တွေကွဲနေပါပြီမောင်ရယ်

”ဟယ်လို ”

”ကိုကိုမလာသေးဘူးလား
သစ္စာ စောင့်နေတယ်လေ ”

”ကိုကိုလာခဲ့မယ် သဲလေး ”

ကားသော့ကောက်ဆွဲနေတဲ့ မောင့်ကို
ဖက်ပြီး

”မသွားပါနဲ့ မောင်ရယ် ဒီရာမောင့်ကို
ပြောစရာရှိသေးတယ် မောင်ရဲ့ ”

မောင်က စကားနားမထောင်နဲ့
ဆောင့်တွန်းလိုက်တော့ ဗိုက်ကို စားပွဲခုံစောင်းနဲ့
ထိမိသွားတယ် ။

You Broke Me Firts! Where stories live. Discover now