Part - 1 မယုံနိုင်​သောကိစ္စ​ပေါ်​ပေါက်လာခြင်း

526 14 0
                                    

// နင့်​ကြောင့်နင့်သူငယ်ချင်း​သေသွားပြီ.....
အာ့ကိုနင်ဘယ်လို​ဖြေရှင်းမလဲ !!!
ငါ့သမီး​လေး..ငါ့သမီး​လေး ထို့အာ က
နင်....နင့်​ကြောင့်​သေသွားပြီလို့ !!! //
​သေသွားသော ထို့အာ ၏အ​မေမှအသားကုန်ငိုရင်း
ထိုသို့​ပြောသဖြင့် လုရွှယ် တစ်​ယောက်​ဆေးရုံမှ
ထွက်​ပြေးလာခဲ့​တော့သည် ......

ထိုအချိန်မတိုင်ခင် 3 နာရီအလို၌ လုရွှယ် ၏အိမ်
မီး​လောင်​နေပြီ ဘယ်​နေရာမှစဖြစ်မှန်းမသိ
လုရွှယ်ဟာမိဘရင်းမရှိဘဲ​ထောက်ပံ့​ကြေးဖြင့်
​နေခဲ့ရ​သောမိဘမဲ့​ကောင်​လေးတစ်​ယောက်
သူငယ်ချင်း၏ကုမ္ပဏ္ဏီ၌အလုပ်ဝင်ကာအသက်
​မွေးဝမ်း​ကြောင်းပြုသည်လစာလည်းအဆင်​ပြေ၍
သူ့အတွက်ဆိုသည်မှာအခက်အခဲမရှိ
သို့ရာတွင်ယခု၌ အိမ်မှာမီး​လောင်​လေပြီ
ဘာလုပ်လို့လုပ်ရမှန်းမသိအိမ်ထဲမှထွက်ဖို့​မေ့​နေချိန်
ထို့အာ ​ရောက်ရှိလာပြီးသူ့ကိုဆွဲ​ခေါ်ထုတ်သွားသည်
လုရွှယ် မှာ ထို့အာ ​ကြောင့်အိမ်အပြင်သို့​​
ရောက်​ရှိလာသော်လည်း ထို့အာ မှာအိမ်တံခါး
ပြိုကျသွား​​သော​ကြောင့်မထွက်လာနိုင်ခဲ့​ချေ
မီးသတ်ကား​များ​ဆေးရုံကားများ​ရောက်ရှိလာမှ
ထို့အာ ကိုဆွဲကယ်နိုင်ခဲ့​သော်လည်း ထို့အာ မှာ
လုံးဝအသက်မရှိ​တော့​ချေ ထို​နေရာမှာတင်
​သေဆုံးသွားခဲ့ပြီ

အချိန်တိုအတွင်းဖြစ်ခဲ့သည်များကို လုရွှယ် တစ်​ယောက်
ပြန်စဥ်းစားရင်းမြစ်ကူးတံတား​ပေါ်သို့​ရောက်ရှိ​​နေပြီ

လုရွှယ် : ငါဘာ​တွေဖြစ်​နေတာလဲ... အိမ်ထဲက
ကိုယ်တိုင်​​တောင်မထွက်လာနိုင်ခဲ့ဘဲ
အခု​တော့ထို့အာပါ​သေသွားပြီ...
ငါဘာ​တွေများဖြစ်​နေခဲ့တာလဲ !!!!!!

တံတား​ပေါ်မှာငိုသံကြီးဖြင့်​အော်ဟစ်​နေကာ
တံတားလက်ရန်း​ပေါ်​သို့ခုန်တက်လိုက်သည်
အ​နောက်မှသူ့အားခုန်မချရန်​ပြော​နေသည်များကိုပင်
သူမကြား..သူဂရုမစိုက်နိုင်...အပြစ်ကြီးစိတ်ဖြင့်
မျက်စိမှိတ်ကာမြစ်ထဲသို့ခုန်ဆင်းသွား​လေသည်

// လုရွှယ်...လုရွှယ် ​!!! //

လုရွှယ် မျက်လုံးဖွင့်ကာ​ဝေ့ဝိုက်ကြည့်လိုက်သည်

သူဖန်တီးခဲ့​သောကံကြမ္မာWhere stories live. Discover now