Part - 2 နင်....နင်က....ဘယ်သူလဲ

149 9 0
                                    

ကျောင်း​တွေပြန်ဖွင့်ပြီ...အထက်​တန်းစတုတ္ထနှစ်...

လုရွှယ် : မရင်းနှီးအောင်​နေရမယ်..ဟုတ်တယ်
လွယ်လွယ်​လေးပါ..သူစကားလာ​ပြောရင်
ပြန်မ​ပြောနဲ့​ပေါ့...လုရွှယ်.. Fighting !!!!

လုရွှယ်တစ်​ယောက်​ကျောင်းထဲသို့ဝင်ခါနီး
သူ့ကိုယ်သူစကား​တွေ​ပြော​နေမိသည်..​ပြော​နေရင်း
အ​နောက်မှ ဟဲရန် တစ်​ယောက်ပုခုံးလာဖက်ကာ

ဟဲရန် : မင်းကဦး​နှောက်ပျက်ရုံမဟုတ်ဘဲ..ခြေပါ
​မသန်​တော့ဘူးလား..

လုရွှယ် : လန့်လိုက်တာ...ဖတ်.ဖတ်..ဘာလို့ငါက
​ခြေမသန်ရမှာလဲ..လွဲပါ​စေ​ချော်ပါ​စေ

ဟဲရန် : မင်းပဲ​ကျောင်းတံခါး​ရှေ့မှာ 10 မိနစ်​လောက်
ရပ်​နေတာ​လေ..မင်းမဟုတ်လို့သရဲလား
ပြီး​​တော့လည်းပွစိပွစိနဲ့

လုရွှယ် တစ်​ယောက်ဘယ်​လောက်​တောင်အချိန်
ကြာလို့ကြာသွားမှန်းမသိခဲ့...ဟဲရန်​ပြောလို့သာပင်

လုရွှယ် : စကားမများနဲ့​တော့ ....​ကျောင်းထဲ
ဝင်ကြမယ်​လေကွာ...

ဟဲရန် : ........

လုရွှယ် : သွားမယ်..သွားမယ်

* ဒီ​ကောင်...အတိတ်​တွေပါ​မေ့ကုန်ပြီလားဟ
သူမသွားလို့​စောင့်​နေတာကိုငါ့လာရမ်း​နေတယ်
​သောက်သူ​တောင်းစား*{ ဟဲရန်မှ​တွေးလိုက်ခြင်း }

အတန်းထဲသို့နှစ်​ယောက်စလုံးဝင်လာကာ
ဟဲရန်က​တော့ထုံးစံအတိုင်း​ကောင်မ​​လေး​ဘေးသို့
ဝင်ထိုင်​ပြီးစကားများ​နေပြန်သည်...လုရွှယ်မှာ
လွတ်​နေတဲ့​နောက်ဆုံးခုံ၌သွားထိုင်​လေသည်...

လုရွှယ် : ​​ပြော​တော့သူ့ကိုမထားခဲ့ပါနဲ့တဲ့.....ခုကျ
သူပဲထားခဲ့တာကို{ မျက်​စောင်းထိုးလျက် }

" ဒါနဲ့ထို့အာ​ရော... "

​ကျောင်းစတက်ပြီး 5 ရက်အကြာ....

ဟဲရန် : ​ဟေ့​ရောင်..လုရွှယ်...ဒီ​နေ့မိန်းက​လေး
အသစ်​ရောက်မယ်တဲ့..ဆရာမဆီကကြားတာ

လုရွှယ် : ကြားမှာ​ပေါ့..အာ့ပဲလိုက်စုံစမ်း​နေတာကို

ဟဲရန် : ငါကစားရမယ့်သူမှမ​တွေ့​သေးတာ

သူဖန်တီးခဲ့​သောကံကြမ္မာWhere stories live. Discover now