3

7.9K 557 23
                                    

Yoongiတို့စတိုးဆိုင်ကခေါက်ဆွဲထုတ်တစ်ချို့ဝယ်ပြီးပြန်လာခဲ့တယ်။လမ်းတစ်လျှောက်စကားပြောလာကြတယ်။

"ဆရာ.....ဆရာ့အဆောင်လိုက်ခဲ့လို့ရမလား။"

"ဘာလုပ်ဖို့လဲ။"

"ဟိုကျနော့်အဆောင်ကို ပြန်တဲ့လမ်းကညဘက်ဆိုမှောင်တယ်။သရဲကြောက်လို့။ပြီးတော့ဗိုက်လည်းဆာနေပြီလေ။ဆရာအဆောင်မှာစားမယ်။ကျနော့်အကိုအခန်းနဲ့လည်းနီးတာပဲကို"

(နင်လည်းအကြံမျိုးစုံထုတ်နေလိုက်ပွကြီး😂)

"မင်းအကိုကဘယ်သူလဲ"

"Namjoonလေ"

"Ha ha ညီအကိုအရင်းဟုတ်ရဲ့လား။မင်းကတော့စာညံ့ချက်ကချာတူးလန်တောင်ဆရာတင်ရမယ်။namjoonကတော့စာတော်လိုက်တာလိမ္မာတဲ့ကျောင်းသားတော်တော်ကွာတာပဲ။"

"မလှောင်ပါနဲ့ဆရာရယ်။ကျနော်ကတော့ရုပ်ပိုချောတယ်မလား။"

"အေးးးအဲ့တစ်ခုတော့လက်ခံရမယ်။"

"ဆရာ...."

Jkခေါ်သံကြောင့်Yoongiလှည့်ကြည့်လိုက်တော့နွေးထွေးသွားတဲ့နှုတ်ခမ်းပေါ်ကအထိအတွေ့ကြောင့်လူပင်အားမရှိတော့သလို။Jkရဲ့ရင်ခွင်ထဲရောက်သွားတဲ့ဆရာပေါက်စ

"Jk.....ah"

အသံခပ်သေးသေးနဲ့ပြောရင်းJkရင်ဘက်ကိုထပ်ဖွဖွတွန်းမိသည်။Jkလည်းလွှတ်ပေးလိုက်ပြီး

"ဆရာကိုတကယ်ချစ်တာနော်။စဉ်းစားပေး"

"အေးးပါကွာ။အရမ်းလက်ရဲဆက်ရဲမလုပ်နဲ့ငါကြောက်လို့ပါ။"

Jkရီလိုက်မိသည်။Yoongi Jkကိုကြည့်ရင်း

"မင်းကယုန်သွားလေးတွေနဲ့ချစ်ဖို့ကောင်းလိုက်တာ။"

"ကျနော်ကချစ်ဖို့ကောင်းတဲ့ယုန်မဟုတ်ဘူးနော်။ယုန်ဆိုးကြီး"

Yoongiလည်းဘာမှမပြောတော့ဘဲအဆောင်အမြန်ပြန်ရောက်အောင်သာကြိုးစားလမ်းလျှောက်နေသည်။

Jkလည်းYoongiအဆောင်ကိုလိုက်သွားလိုက်သည်။yoongiလည်းမခေါ်ချင်ပေမယ့်Namjoonကသူ့အကိုဖြစ်နေတော့သူ့အကိုဆီပြန်အိပ်မှာပဲလို့တွေးပြီးခေါ်လာခဲ့တယ်။

You are my Teacher(complete)Where stories live. Discover now