4

7.9K 530 7
                                    

"ဆရာကျွန်တော်ကုတင်ပေါ်တက်အိပ်လို့မရဘူးလား။"

"မရဘူး။အောက်မှာအိပ်ဲဒီမှာအိပ်ခိုင်းတာတောင်လွန်နေပြီ။"

Yoongiရဲ့ခပ်ပြတ်ပြတ်စကားကြောင့်Jkအလိုမကျသလိုကြည့်လိုက်ပြီး

"ဆရာ.....ကျနော်ကအောက်မှာအိပ်ရင်ဖျားလိမ့်မယ်။"

"ဂရုမစိုက်ဘူး။အိပ်စရာရှိတာအိပ်။"

"ကောင်းပြီ။ဆရာလည်းအောက်မှာအိပ်"

Jkပြောရင်းYoongiကိုဆွဲချလိုက်သည်။Yoongiကတော့သူ့ကိုယ်ပေါ်ထပ်ရက်သား။
Yoongiမျက်နှာနားနီးကပ်လာတဲ့မျက်နှာချောချောကြောင့်Yoongiမျက်လုံးမှိတ်မိလိုက်သည်။

"ပြွတ်.....ချစ်ဖို့ကောင်းလိုက်တာ။ဒီတိုင်းလေးအိပ်ရအောင်။"

Jkနှာခေါင်းလုံးလုံးလေးအားဖွဖွနမ်းရင်းပြောတော့

"မအိပ်ဘူး။ခေါင်းအုံးမရှိဘူး။ခေါင်းအုံးမရှိရင်အိပ်မပျော်ဘူး။"

ဘောက်ဆက်ဆက်ပြောနေတဲ့Yoongi

"ကျနော့်ရင်ခွင်ကဆရာနားခိုရမယ့်နေရာ။ခေါင်းအုံးထက်တောင်ပိုကောင်းသေးတယ်။အိမ်လို့တောင်ပြောလို့ရအောင်လုံခြုံမှုပေးနိုင်တယ်။"

Jkစကားကြောင့်Yoongiရှက်ဝဲဝဲလေးရန်တွေ့မိသည်။

"ဘာတွေပြောနေတာလဲ။သေချင်လို့လား။"

"ချစ်လို့လေ။ဆရာကလည်းရှက်နေပြန်ပြီ။"

"ဘယ်သူကရှက်နေလို့လည်း။"

"ဒီမှာလေ။မျက်နှာလေးရဲနေတာဆရာလေ။"

Jkပြောပြီးတာနဲ့နီရဲနေတဲ့ပါးဖောင်းဖောင်းလေးအားစုပ်ယူလိုက်သည်။

"အားးးးးတံတွေးတွေပေကုန်ပြီ။ညစ်ပတ်တယ်။"

"တကယ်ပါဗျာ။အမှန်တိုင်းပြောရရင်ဆရာကိုဒီညတင်အပိုင်သိမ်းလိုက်ချင်တယ်။"

"မသိမ်းနဲ့။ငါခွင့်မပြုဘူး။"

"မလုပ်ပါဘူး။ကျနော်နဲ့ခုလိုလေးအိပ်အဲ့တာဆိုမသိမ်းဘူး။"

"အေးးးပြီးရော။"

Yoongiမကျေမနပ်ပြောရင်းJkရင်ခွင်ထဲခေါင်းလေးဝင်ပြီးလှပတဲ့အိမ်မက်ဆီကိုတစ်ခဏ။

You are my Teacher(complete)Where stories live. Discover now