10

5.7K 416 2
                                    

Jkဒီနေ့အဆောင်ပြန်လာတာအနည်းငယ်နောက်ကျသည်။ညနေ7နာရီလောက်ပင်ရှီပြီ။အဆောင်ပြန်လာတဲ့လမ်းတစ်လျှောက်နှေးကွေးစွာပင်လျှောက်လာသည်။အဆောင်ရှေ့ရောက်တော့သူ့ကိုစောင့်နေတဲ့လူတစ်ယောက်။

"Jaehyung......ဘာလာလုပ်တာလဲ။"

JaehyungကJkတွဲခဲ့တဲ့ထဲမှာသံယောဇဥ်အဖြစ်ခဲ့ဆုံးပဲ။ပြတ်သွားတာတောင်ညီမလေးတစ်ယောက်လိုခင်မိတုန်းသူကလည်းအကိုတစ်ယောက်လိုလေးလေးစားစားဆက်ဆံတယ်။

"ငါလာနှုတ်ဆက်တာပါ။ငါနိုင်ငံခြားသွားတော့မယ်။"

"အော်အေးပါ။ပျော်ပျော်ရွှင်ရွှင်နေ။စာကြိုးစာသင်"

Jkပြုံးရင်းပြောတော့သူမကရီပြလိုက်သည်။ချစ်ဖို့ကောင်းတဲ့ကလေးမလေးပါ။

"ငါနင့်အတွက်လက်ဆောင်ယူလာတယ်။"

"ဟမ်ဘာလဲ။"

"မျက်လုံးမှိတ်"

"နင်ဟာလေ....အဲ့အကျင့်ကပျောက်ကိုမပျောက်ဘူး။"

ခေါင်းလေးကိုပုတ်ပြောကာမျက်လုံးကိုသူ့အလိုကျမိတ်ပေးလိုက်သည်။

ပါးပြင်ပေါ်ခပ်နွေးနွေးအထိအတွေ့နှင့်အတူဆွဲခေါ်ခံလိုက်ရသလိုခံစားရတာကြောင့်မျက်လုံးဖွင့်လိုက်တော့ကြောင်နေတဲ့Jaehyungနှင့်အတူဒေါသတို့နှင့်ပြည့်နေတဲ့မျက်လုံးပိုင်ရှင်ဆရာ။jkလည်းသူခေါ်ရာနောက်လိုက်ရင်းလမ်းတစ်ဝက်ရောက်တော့အားသုံးကာရပ်လိုက်သည်။ပြီးတော့သူ့ကိုကြည့်ကာ

"ဘာပြောမို့လဲဆရာ။ခုနအထင်လွှဲသွားနိုင်ပေမယ့်အဲ့တာကညီမတစ်ယောက်လိုခင်ရတဲ့EXပါ"

"ငါ့အဆောင်ကိုလိုက်ခဲ့"

ခပ်ပြတ်ပြတ်ပြောနေတဲ့ဆရာ့ကိုကြည့်ကာ

"မရဘူးဆရာ.....ကျနော်...ဟိုဟို"

"ငါပြောတာစကားဆုံးပြီ။မင်းလိုက်ချင်လိုက်ခဲ့မလိုက်ချင်ရင်လည်းမင်းနဲ့ငါဒီမှာပဲရပ်ရအောင်။"

Yoongiပြောကာထွက်သွားတာကြောင့်Jkလည်းခေါင်းကုတ်နေရပြီ။ဒါပေမယ့်နောက်ကလိုက်သွားလိုက်သည်။

➖➖➖➖➖➖➖➖➖➖➖➖➖➖

Yoongiအခန်းထဲရောက်တာနဲ့အကျီတို့ကိုချွတ်နေသည်။Jkကတော့မတ်တပ်ရပ်ကာကြည့်နေသည်။

You are my Teacher(complete)Where stories live. Discover now