16(final)

9K 475 21
                                    

"ဘယ်လိုလဲ....ခင်ဗျားသဘောက"

ကျောင်းအုပ်ကပြောတော့mr.kimကပြုံးကာ

"ဧည့်သည်တစ်ယောက်ဖိတ်ထားတယ်....ခဏ"

Mr.kimပြောရင်းကျောင်းအုပ်ရှေ့မှာဝင်ထိုင်လိုက်သည်။

"အော်....mr.kimတွေ့ရတာဝမ်းသာတယ်"

လူတစ်ယောက်ဝင်လာကာmr.kimအားဖက်ကာနှုတ်ဆက်သည်။

"သူကဘယ်သူလဲ"

ကျောင်းအုပ်ကအလိုမကျသလိုမေးတော့

"သူကကျနော်ကားနဲ့တိုက်ခဲ့တဲ့သူပဲ....ခင်ဗျားအဲ့လောက်ဆိုသိသင့်ပြီ"

Mr.kimရှင်းပြရင်းသူကားတိုက်ခဲ့တဲ့သူအားကြည့်ကာ

"ကျနော်လည်းတောင်းပန်ပါတယ်"

"ရပါတယ်"

"Haha...ဒီလိုလွယ်လွယ်ပြီသွားမယ်ထင်နေတာလား"

"မထင်ပါဘူး။ခင်ဗျားကျနော့်သားတွေကိုဖမ်းဖို့စီစဥ်ထားတယ်မလား။စိတ်မကောင်းပါဘူးအစီအစဥ်ပျက်သွားပြီ"

"မင်းတို့ယုတ်မာတာ"

"ဘယ်သူယုတ်မာတာလည်းမင်းကိုယ်တိုင်သိမှာပေါ့"

Mr.kimပြောရင်းသူ့ရှေ့ကိုဓာတ်ပုံတစ်ပုံပစ်ချကာ

"ဘယ်လိုလဲထောင်ဖောက်ပြေးလာတဲ့ဝရမ်းပြေး....ငါပြောပြဦးမယ်။မင်းအကြောင်းစုံစမ်းခဲ့တာကောင်းတာတစ်ခုမှမကြားရဘူး"

ကျောင်းအုပ်လဲပြေးဖို့လုပ်တော့

"နေဦးစိတ်မကောင်းစရာက...ရဲတွေရောက်နေပြီ"

Mr.kimခနဲ့ပြုံးပြုံးကာ

"ခင်ဗျားလုပ်ခဲ့သမျှပြန်ပေးဖို့အချိန်ရောက်ပြီ
ဘဝကိုအကောင်းဆုံးဖြတ်သန်းဖို့လုပ်တော့"

Mr.kimစကားဆုံးတာနဲ့ရုံးခန်းထဲရဲတစ်ချို့ရောက်လာသည်။

"အေးဆေးအဖမ်းခံပါ"

ရဲတွေလည်းကျောင်းအုပ်လက်ကိုချုပ်လိုက်သည်ကျောင်းအုပ်ကတော့mr.kimကိုမကျေမနပ်ကြည့်ကာ

"ကျုပ်မကျေနပ်ဘူး"

➖➖➖➖➖➖➖➖➖➖➖➖➖➖

အခုဆိုjkအတွက်yoongiဖြစ်သလို
Yoongiအတွက်ကလည်းjkပင်.......

You are my Teacher(complete)Where stories live. Discover now