9

5.6K 419 4
                                    

Yoongiဒီနေ့သူ့အချိန်မရှိပေမယ့်အဆောင်မှာမနေချင်တာကြောင့်အပြင်ထွက်လာခဲ့သည်။ခုတစ်ရက်နှစ်ရက်အတွင်းJkကိုအရိပ်ပင်မတွေ့။Yoongiလည်းJkကိုလွမ်းနေတာကြောင့်ကျောင်းကစားသောက်ဆိုင်မှာထိုင်စောင့်နေမိသည်။ခဏနေဆိုနေ့လည်ထမင်းစားချိန်ရောက်တော့မှာလေ။သူလဲအတွေးအချို့နှင့်အတူကော်ဖီသောက်နေမိသည်။

"အင်းးးးပျင်းလိုက်တာကျောင်းကလည်းဆင်းသေးဘူးလားမသိဘူး။"

Yoongiခပ်တိုးတိုးညည်းရင်းJkတို့ကျောင်းဆောင်ဘက်ငေးနေလိုက်သည်။

ဆင်းပါပြီကျောင်းသားတွေနှင့်အတူJkရောထမင်းစားဆောင်ဘက်လာတာတွေ့လိုက်ရသည်။Yoongiလည်းပြုံးရင်းJkကိုငေးနေမိသည်။သို့ပေမယ့်Jkကသူ့ကိုတွေ့တာနဲ့ပြန်လှည့်ထွက်သွားသည်။Yoongiနားမလည်ဖြစ်သွားသည်။အတွေးထဲမှာလဲ........

"ငါ့ကိုငြီးငွေ့သွားတာများလား.....မဟုတ်လောက်ပါဘူး။ကိစ္စရှိလို့နေမှာပါ။သူမအားရင်လည်းငါလည်းအဆောင်ပြန်တော့မယ်။"

Yoongiစိတ်အနည်းငယ်ညစ်နေပေမယ့်အဆောင်ကိုသာပြန်ခဲ့လိုက်သည်။လမ်းမှာNamjoonနဲ့တွေ့တော့Namjoonကလှမ်းနှုတ်ဆက်သည်။

"ဆရာ....Jkကိုမတွေ့လို့ကျနော့်အစားသူ့ကိုပိုက်ဆံပေးပေးပါလား။အဖေကပေးခိုင်းလိုက်တာ။ကျနော်ကလည်းစာမေးပွဲနီးလို့အလုပ်ရှုပ်နေတာ။"

"အင်းးးးမနက်ဖြန်ငါ့အချိန်ရှိတယ်။ငါပေးလိုက်မယ်။"

Yoongiပြောရင်းပိုက်ဆံကိုယူကာအဆောင်ကိုပြန်ခဲ့လိုက်သည်။

➖➖➖➖➖➖➖➖➖➖➖➖➖➖

"ဟေ့.....Jk"

သူ့ရှေ့ကJkကိုလှမ်းခေါ်တော့လှည့်ကြည့်လာသည်။သို့ပေမယ့်Yoongiကိုတွေ့သော်လည်းပျော်ပုံမပေါ်။တစ်ခုခုစိုးရိမ်နေသလို။

"ရော့......မင်းအဖေပေးခိုင်းတာတဲ့။Namjoonပြောတာပဲ။မင်းအဖေပေးတဲ့ပိုက်ဆံကငါ့လစာသုံးလစာလောက်ရှိတယ်။မင်းကိုတော်တော်ချစ်တာပဲ။"

Yoongiကရီမောရင်းJkပခုံးကိုကိုင်ပြီးပြောပေမယ့်Jkကတော့ပခုံးပေါ်ကလက်တို့ကိုဖယ်ချလိုက်ပြီးပိုက်ဆံကိုယူကာ

You are my Teacher(complete)Tempat cerita menjadi hidup. Temukan sekarang