အခန်း(၂)

3.1K 539 41
                                    

အခန်း( ၂)ချင်းလန်အတွက်​မွေး​နေ့လက်​ဆောင်

(Unicode)

ချင်းလန် အလုပ်လုပ်​​​​နေ​သော Queen's barသို့
လီဖန်အမ်း သွားလေ့သိပ်မရှိ။ ပထမတစ်ချက်က​တော့
ချင်းလန်က သူအဲ့ဒီကိုလာသည်ကိုသိပ်မကြိုက်၍ဖြစ်ပြီး၊ဒုတိယတစ်ချက်က​တော့ အလွန်​ဝေး၍ဖြစ်သည်။
လီဖန်အမ်း ကျောင်းကိုတစ်​နေ့နှစ်​ခေါက်သွားရသည်။
လီဖန်အမ်း ချင်းလန်​ရွေး​ထား​သောတိုက်ခန်း​နေရာက သူ့အတွက်​​တော့ကျောင်းသွားရလာရအဆင်​ပြေ​ပေမယ့် ချင်းလန်အတွက်​တော့ အလုပ်အသွားအပြန်
အဆင်မ​ပြေ​သည်ကို​သေချာမသိခဲ့။ ​​မြေပုံမှာကြည့်လျှင်​တော့ ​ကျောင်းနှင့်တိုက်ခန်းအကွာအ​ဝေးက ဘားနဲ့တိုက်ခန်းအကွာအ​​ဝေးနှင့် တူသည်ထင်ရ​သော်လည်း တကယ်​တော့ မတူ​ပေ။ တိုက်ရိုက်​မြေ​အောက်ရထားလိုင်းမရှိ၊ ဘတ်စ်ကားကလည်းကြားတွင် ရပ်နားတဲ့မှတ်တိုင်​များသည်။ (​T/Nမြေ​အောက်ရထားစီးဖို့ ဘတ်စ်ကားအရင်စီးသွားရမှာပါ)
အကယ်လို့များ အမြန်သွားလိုသည်ဆိုလျှင်​​တောင် ဆောက်လုပ်​ရေးဆိုက်များကို နာရီ၀က်​​လောက်ဖြတ်လျှောက်ရပြီးဥမင်လိုဏ်ခေါင်းတစ်ခုအားဖြတ်ပြီးမှ
မြေ​အောက်ရထား သို့​ရောက်မည်ဖြစ်သည်။

ထို​ဆောက်လုပ်​​ရေးဆိုက်များသည် ရပ်နားထား​သော
ဆိုက်များဖြစ်၍ အ​ဆောက်အဦးများမှာလည်း ​ဆောက်လက်စတန်းလန်းများဖြစ်ပြီး၊​​ခြောက်ခြားဖွယ်လည်း​ကောင်းသည်၊ လူလည်း သေထားဖူးသည်ဟု
​​ကြားရသည်။ ဥမင်လိုဏ်​ခေါင်းအတွင်းတွင်လည်း
အိမ်​ခြေရာမဲ့များ ​ရှိ​နေပြီး၊ မြို့တွင် လုယက်မှုအဖြစ်ပွားဆုံး​ အဓိက​နေရာဖြစ်သည်၊ လုယက်မှုတစ်ခုဖြစ်ပြီလို့ကြားတာနဲ့ ရဲ​တွေက ထိုနေရာကိုအရင်ဆုံး စစ်​ဆေးကြ
သည်ဘဲဖြစ်သည်။ ချင်းလန် ပြီးခဲ့တဲ့နှစ်​တွေကအလုပ်ကိုဘယ်လိုသွားလာခဲ့လဲဆိုတာ လီဖန်အမ်း
မသိခဲ့။ ချင်းလန်တစ်​​ယောက် ငါးနှစ်ထပ်မနည်း အလုပ်ကိုထိုသို့သွားလာခဲ့ပြီး အန္တာရယ်တစ်စုံတစ်ရာမှသူ့ဆီ
မဖြစ်ပွားခဲ့။

ချင်းလန်သ​ဘောမကျလျှင်​တောင် ဒီ​တစ်ခါ​တော့
သူ ဘားကိုသွားဖို့ဆုံးဖြတ်လိုက်သည်။
ဒီ​နေ့က ချင်းလန်ရဲ့ ​မွေး​နေ့ ဖြစ်သည်။ ​ပြောရမှာ
ထူးဆန်းသည်ဆို​ပေမယ့် ချင်းလန်နဲ့သူ နှစ်​တွေအများကြီးအတူရှိလာခဲ့ကြ​ပေမယ့် ချင်းလန်ရဲ့ မိသားစုနဲ့လည်း
တစ်ခါမှမ​တွေ့ ခဲ့ဖူးသလို ၊ချင်းလန် ​မွေးလ ဘယ်လမှန်းလည်းလဲ သူမသိခဲ့။ ချင်းလန် က​​တော့ ​မွေး​နေ့ကိစ္စနဲ့ပတ်သက်ပြီးသိပ်စိတ်ထဲမထား မေးလိုက်လျှင်လည်း
သူမမှတ်မိ​တော့ဘူး​ပြောကာ တစ်​နေ့လုံး
စကားလမ်း​ကြောင်းလွဲ​လေ့ရှိသည်၊လီဖန်အမ်းက​တော့
ဂရုမစိုက်။ ဒီနှစ်က ထိုလူကြီး ၃၆နှစ်ပြည့်မည်
နှစ်ဖြစ်သည်။
.........................................................

Old Fairy(Ageless Seducer)《မြန်မာဘာသာပြန်》completedWhere stories live. Discover now