အခန်း(၅)

2.3K 483 25
                                    

အခန်း(၅)ချင်းလန်နှင့်အဆက်သွယ်ပြတ်
                         ​တောက်သွားခြင်း

(Unicode)

ချင်းလန် ဝင်သွားပြီးငါးမိနစ်အတွင်း
လက်ထဲကုတ်အင်္ကျီကိုင်ထားလျက်
အ​လောတကြီး​ပြေးထွက်လာသည်၊
ကြည့်ရတာပြန်​တော့မည့်ပုံစံဖြစ်၍
မုန့်ချွမ်းက လှမ်း​မေးလိုက်သည်
"ဘာဖြစ်လို့လဲ၊အ​လောတကြီးနဲ့ဘာဖြစ်ပြန်တာလဲ"

"​ရှောင်ဖျင်အာက​ အိမ်ကကွန်ပျုတာထဲမှာ
ဖိုင်တစ်ခုကျန်ခဲ့လို့တဲ့၊အဲဒါငါအမြန်ပြန်ပြီး ပို့​ပေးမှဖြစ်
မယ် အကယ်လို့​နောက်ကျသွားရင် အ​ရေးကြီးတဲ့ဟာဆို
ရင် ပြဿနာတက်လိမ့်မယ်"

အ​လောတကြီးနဲ့ချော်​တောင်လဲ​တော့
မတက်ဖြစ်​နေသည်။

မုန့်ချွမ်း​က​​မေးလိုက်သည်။
"ဒီချိန်ကြီးတစ်​ယောက်တည်းအဆင်​ပြေပါ့မလား၊
မင်း​ဆေးရုံကဆင်းထားတာမှမကြာ​သေးတာကို"

"ကျွန်​တော်ပို့​ပေးမယ်" ချီရန့်က​ရောက်လာပြီး
လက်ထဲကကား​​သော့ကိုယမ်းပြလျက်​ပြောလာသည်။

ချင်းလန်ခဏ​လောက်​စဥ်းစား​ပြီးပြောလိုက်သည်
"ဒီနားတစ်ဝိုက်ကလမ်း​တွေက​မောင်းလို့အဆင်​ပြေတာမဟုတ်ဘူး၊ လမ်းမီးတိုင်လည်းမရှိဘူး"

ချီရန့်ကိုယ်ကိုအနည်းငယ်ကိုင်းလိုက်ပြီးပြုံးကာ
"ကျွန်​တော့်ကား​မောင်းသက်တမ်းက ၁၀နှစ်​​ကျော်လောက်ရှိပါပြီ၊မင်းကိုအပြည့်အဝ အန္တာရယ်ကင်းကင်းနဲ့ ပို့​ဆောင်​ပေးနိုင်ပါတယ်"

လူတစ်​ယောက်ကိုတူညီတဲ့အ​ကြောင်းပြချက်တစ်ခု​ကြောင့်နောက်တစ်ခါက်ထပ်ငြင်းဆိုလိုက်တာက
​ကောင်းမွန်တဲ့အပြုအမှုမဟုတ်၊ မိတ်​ဆွေအချင်းချင်းအကူညီ​ပေးသည်ဟုသာသ​ဘောထားလိုက်​တော့သည်။ ပြီးလျှင် ​​ရှောင်ဖျင်အာဆီကို ဖိုင်အမြန်ဆုံးပို့​ပေးနိုင်ဖို့ကလည်းဒီနည်းလမ်းသာရှိ​တော့၍ ချင်းလန်သ​ဘောတူလိုက်​တော့သည်။

ချီရန့်ကားသည် ​စျေးကြီး​ပေးရ​လောက်သည့်
Japanese sports carဖြစ်သည်။ ချင်းလန်က ကားနဲ့ပတ်သက်ရင်​တော့သိပ်မသိ​ပေမယ့် ဒီဇိုင်းကအ​တော်​လေးဆန်းသစ်၍ဖက်ရှင်ကျပြီး​တော့အသွင်အပြင်ကလည်းအရမ်းလှသည်ကို​တော့သိသည်။

Old Fairy(Ageless Seducer)《မြန်မာဘာသာပြန်》completedWhere stories live. Discover now