အခန်း(၁၀) [ FINAL]

4.6K 675 56
                                    


အခန်း(၁၀)အချစ်အ​​ကြောင်းသာ

(Unicode)

ချင်းလန်အ​တော်​လေး​ဒေါသထွက်​နေသည်၊
အ​ကြောင်းရင်းက​တော့ ​ရှောင်ဖျင်အာကသူ့ကို
အလုပ်ကို​ပေးမသွား၍ဖြစ်သည်။

"ရှုရှုကခုမှ ၃၇ရှိ​သေးတာ​နော်၊ မလှုပ်ရှားနိုင်​တော့​လောက်​အောင်ထိအို​နေတာမဟုတ်​သေးဘူး၊ ဘာလို့အလုပ်သွားလို့မရရတာလဲ၊မင်းအ​တောင်​​တွေစုံသွားပြီဆိုတိုင်းရှုရှုကိုအနိုင်မကျင့်နဲ့"

ချန်းလန်​​ဒေါ​သ​တွေအရမ်းထွက်​နေ၍ ဝရန်တာ​မှာစိုက်ထားတဲ့ပူစီနံရွက်​​​တော်​တော်များများကိုဆွဲခူးလိုက်ပြီး
​အကုန်ဆူ​နေတဲ့ရေ​နွေးကရားထဲကို​ကောက်ထည့်လိုက်သည်။

လီဖန်အမ်းလည်းနှစ်သိမ့်သည့်အ​နေဖြင့်ချင်းလန်အား
​နောက်က​နေသိုင်းဖက်ထားလိုက်သည်။

"ကျွန်​တော်အလုပ်ကိုမသွားခိုင်းတယ်ဆိုတာက
ရှုရှုကခုသ​လောတအားပင်ပန်း​နေတဲ့ပုံစံဖြစ်​​နေတာမို့၊ခဏ​လောက်အနားယူ​စေချင်လို့ပါ"

သူ​ပြောတာ​တွေကလည်းတကယ်​တော့မမှား​ပေ။
ချင်းလန်ခန္ဓာကိုယ်က​ထိုထိခိုက်မှု​တွေခံရပြီးနောက်ပိုင်း
ကျန်းမာ​ရေးကပါယို့ယွင်းလာသည်ထင်။ သူ့ခန္ဓာကိုယ်ကသိသိသာသာအရင်လိုဖြတ်ဖြတ်လတ်လတ်မရှိ​တော့။
သူမကြာခဏအ​အေးမိလိုက် အဖျားဝင်လိုက်နဲ့
ဖြစ်​လာသည်။ သူ့အစာအိမ်ပြန်ဖြစ်မည်ဆိုးသည့်အတွက်သူ့မှာအစားအ​သောက်ပုံစံကိုလည်းအထူးဂရုစိုက်​နေရသည်။လီဖန်အမ်းက​နေ့တိုင်းလိုလိုသူနား
က​နေမကွာ​တော့ဘဲ၊သူ့စိတ်တစ်ခုလုံးကလည်း ချင်းလန်အ​ပေါ်သာအာရုံစိုက်ထားသည်။ အကယ်လိုချင်းလန်
သူ့အ​ခြေ​နေတစ်ခုခုဖြစ်လို့ဖုံးကွယ်ချင်ရင်​တောင်
ဖုံးကွယ်လို့မရ​တော့။ ချင်းလန်တစ်ခါမှဒီလိုတင်းတင်းကျပ်ကျပ်​​စောင့်​ရှောက်မခံဘူး၍ ​နေသားမကျဖြစ်​နေသည်။

လီဖန်အမ်းဖက်တာခံလိုက်ရပြီး​နောက်
ချင်းလန်အမူအရာ​ပျော့​ပြောင်းသွားပြီး
" မင်းကခုမှအလုပ်စဝင်​ကာစဆို​တော့
လစာကသိပ်မများ​သေးဘူး​လေ၊အဲ့လစာတစ်ခုတည်းနဲ့​တော့ကုန်ကျစရိတ်​တွေအကုန်လုံးကို​တောင့်ခံနိုင်မှာ
မဟုတ်ဘူး"

You've reached the end of published parts.

⏰ Last updated: Jun 08, 2021 ⏰

Add this story to your Library to get notified about new parts!

Old Fairy(Ageless Seducer)《မြန်မာဘာသာပြန်》completedWhere stories live. Discover now