အခန်း(၄)

2.3K 482 21
                                    

အခန်း(၄)ချင်းလန်​ဆေးရုံကဆင်းလာရပြီးနောက်
သူတို့နှစ်​​​​ဦးရဲ့ ခွဲခွာခြင်း

(Unicode)

ထိုညက​ချင်းလန် ကိုဆေးရုံသို့​အ​​ရေး​ပေါ်ပို့​ဆောင်​ပေးလိုက်ရသည်၊အ​ရေး​ပေါ်တာဝန်ကျဆရာဝန်သည် လူနာကိုသယ်လာတဲ့ထိုလူရဲ့ မျက်နှာက ကြောက်မက်ဖွယ်​ကောင်းစရာအတိဖြစ်​နေခဲ့သည်ကို ​မေ့မရနိုင်။ တစ်​ယောက်​ယောက်ကထိုသူရဲ့မိသားစုကို သတ်သွားပြီး ၊သေမင်းက သူတို့ရဲ့ဝိညာဥ်တွေကို ​​အလွှတ်မ​ပေးထားသည့်ပုံစံအတိုင်းဖြစ်​နေသည်။

ချင်းလန်က ​သေရင်​သေပါ​စေ ဆေးရုံသွားရဖို့ကို ​တော့အမြဲငြင်းဆန်​လေ့ရှိသည်ဖြစ်၍ ​ဆေးရုံမှာ ပထမဆုံး
စာရင်းသွင်းရ၍ ​ဆေးစစ်ချက်အ​​​ဖြေကအချိန်အနည်းငယ်​တော့​စောင့်ရသည်။ဆေးစစ်ချက်ရလဒ်ထွက်လာပြီး​​နောက်၊ဆရာဝန်ကစစ်​ဆေးကြည့်ရှုပြီးမ​နေနိုင်​တော့၍​မေးလိုက်သည်
"သူဘာအလုပ်လုပ်တာလဲ၊
သူ့အစာအိမ်​အ​ခြေ​နေက
အ​တော်​လေးကိုဆိုးရွား​နေတယ်"

လီဖန်အမ်းထိုစကားကြားပြီး​နောက်အလွန်စိုးရိမ်
သွားခဲ့သည်။

" Bartenderပါ"

ဆရာဝန်က​ခေါင်းအသာယမ်းလိုက်ပြီး

" မဆန်း​တော့ပါဘူး"

"​ဒေါက်တာ၊သူဘယ်လို​နေလဲ၊အ​ခြေ​နေအ​တော်
ဆိုးလား "

"အ​ခြေ​နေက​တော့​တော်​တော်​လေးကိုဆိုးရွား​နေတယ်၊
ဒီကြားထဲအစာအိမ်ကဖြစ်တဲ့ဒဏ်​တွေကိုသူဘယ်လို
မျိုးကြိတ်မှိတ်သည်းခံ​နေခဲ့လည်းမသိ"

"ခုချက်ချင်းအ​ရေး​ပေါ်ခွဲစိတ်ကုသမှုခံယူမှကိုအဆင်ပြေမယ်၊မင်းကသူရဲ့မိသားစုဝင်ဆို​တော့ ကုန်ကျစရိတ်ကိုပြင်ဆင်ထား​ပေးပါ "

လီဖန်အမ်းမသိလိုက်ပါဘဲလက်သီးကျစ်ကျစ်
ဆုပ်မိသွားပြီး ၊သ​ဘောတူ​ကြောင်း ​ခေါင်းငြိမ့်ပြလိုက်
သည်။

လီဖန်အမ်း ချင်းလန်ကို​ဆေးရုံမှာဒီအတိုင်းမထားခဲ့နိုင်
သို့​ပေမယ့် သူထွက်လာခဲ့တုန်းက သူနဲ့အတူ
ဘာပစ္စည်းမှယူမလာမိ။ သူနဲ့အ​တော်​လေးခင်တဲ့
​​ခေါ်စရာ​​ကျောင်းကသူငယ်ချင်း​တွေရှိ​ပေမယ့် သူတို့
​တွေလည်း​ကျောင်းသား​​တွေဘဲဖြစ်၍ ​ငွေအများ
ကြီးမတက်နိုင်ကြ​။ ​​​တွေးကြည့်ပြီး​အဆုံးမှာ​တော့
မုန့်ချွမ်းကိုဘဲဆက်သွယ်လိုက် ​တော့သည်။

Old Fairy(Ageless Seducer)《မြန်မာဘာသာပြန်》completedWhere stories live. Discover now