အခန်း(၆)

2.3K 483 20
                                    

အခန်း(၆) ချန်းလန်အားကယ်ထုတ်ဖို့
အိမ်သို့ပြန်သွားရခြင်း

(Unicode)

ချင်းလန်အပျက်အစီး​တွေကြားထဲမှာမတ်တပ်ရပ်​နေပြီး၊
​လှေကားတစ်ထစ်ချင်းစီက​နေဆင်းလာတဲ့လူတစ်​ယောက်ကို​ဘေးတိုက်အ​နေအထားက​နေ
လှမ်းကြည့်​နေလိုက်သည်။

"​နောက်ဆုံး​တော့ငါတို့ပြန်​တွေ့ ကြပြီ​ပေါ့ ဇုရှီ"

ချင်းလန်ထိုလူမျက်နှာကို​တွေ့လိုက်ရ​သောအခါ
သူ့အကြည့်​တွေ​ပြောင်းလဲသွားပြီး၊ အနီးနားက
​ကျောက်တုံး​ပေါ်ထိုင်ချလိုက်သည်။

"ဟိုင်း..၊​ဘော့စ်"

"ဆို​တော့မင်းလည်းငါ့ကို​ဘော့စ်လို့​ခေါ်ရမှန်း
သိတယ်​ပေါ့"

ထိုလူသည် တရုတ်ရိုးရာဝတ်စုံ​​ကိုဝတ်ဆင်ထားပြီး၊မျက်နှာမှာ အမာရွတ်ကြီးတစ်ခုရှိသည်။သူရယ်​မော
ပြီး​ပြောလိုက်သည်။

"အားလုံးက​ပြော​လေ့ရှိတယ်အန္တာရယ်အများဆုံး​နေရာက၊အလုံခြုံရဆုံး​ဘဲတဲ့၊မင်းကအ​တော်​လေးသတ္တိရှိတာဘဲ၊ငါ့နှာ​ခေါင်း​အောက်မှာ​လာပုန်း​​​နေရဲတယ်၊ငါ့
အစွမ်းအစကိုလာစမ်း​နေတာ​လား"

ချင်းလန်သူ့လက်ကိုအသာယမ်းလိုက်ပြီး
"​ဘော့စ်ကအခုBမြို့ မှာရှိတဲ့ မာဖီးယားဂိုဏ်းကြီးရဲ့
​ခေါင်း​​ဆောင်ဘဲ၊ လုဇုန်ဇဲ ဆိုတဲ့နာမည်ကြားလိုက်တာနဲ့လူတိုင်း​ကြောက်လန့်ရတဲ့​သူတစ်​ယောက်ရဲ့အစွမ်းအစကိုကျွန်​တော့်လိုလူကဘယ်လိုလုပ်စမ်းရဲပါ့မလဲ"

"ကျွန်​တော်ကနှစ်​တွေအကြာကြီး​ဘော့စ်စောင့်
​ရှောက်မှု​အောက်မှာ​နေခဲ့တာဘဲ။အကယ်လိုကျွန်​တော့်ကို​တွေ့ချင်တယ်ဆို တိုက်ရိုက်​ခေါ်လို့ရတာဘဲ ဘာလို့ဒီလိုနည်းလမ်းမျိုးကိုသုံးရတာလဲ"

"သူအဲ့လိုသာ​ခေါ် လိုက်ရင် ငါစိုးရိမ်တာက မင်း ယုန်တစ်​ကောင်ထက်ကိုပိုမြန်မြန်ထွက်ပြေးသွားမှာစိုးလို့"

ရင်းနှီး​နေတဲ့အသံကိုကြားလိုက်ရ၍ ချင်းလန် လုဇုန်ဇဲ
ရဲ့​နောက်ကိုလှမ်းကြည့်လိုက်ရာ သူ့ရဲ့​နောက် မနီးမ​​ဝေးမှာ လူတစ်​ယောက်ရှိ​နေသည်။ ထိုလူက​တော့ချီရန့်
မဟုတ်ဘူး...ခု​တော့လုယွီရှန်းလို့​ခေါ်ရမှာ​ပေါ့

Old Fairy(Ageless Seducer)《မြန်မာဘာသာပြန်》completedWhere stories live. Discover now