Description ၁၉ နှစ်သာ ရှိသေးသည့် စုအန်းအန်း အဖေဖြစ်သူ၏ အတင်းအကျပ်စီစဥ်ပေးမှုကြောင့် အသက် ၃၁ နှစ်အရွယ် ကုမိုချန်း နှင့် လက်ထပ်ခဲ့ရသည်။ တစ်ညမှာ သားရဲတစ်ကောင်ကဲ့သို့ ဆာလောင်နေသော ထိုသူ၏ အထိန်းအကွပ်မဲ့ ရက်စက်မှုအောက်မှာ သူမ၏အသနားခံမှုများက အရာမထင်ခဲ့။ လက်ထပ်ပြီးသည့်နောက်တွင် ကုမိုချန်း က တနေ့တခြား ပိုပိုပြီး သူမကို ဂရုစိုက်လာခဲ့ကာ "ယောကျာ်းရေ......အဖေက ကျွန်မကို ရိုက်ဖို့ လုပ်နေတယ် " သူသည် လွန်စွာ စိတ်ဆိုးသွားကာ "ကိုယ် အခုချက်ချင်း အရေးယူပေးမယ်" စုအန်းအန်းက သူမ၏ သွေးတစ်၀က်နှောသော အစ်မကို လက်ညိုးထိုးလိုက်ရင်း "ယောကျာ်းရေ.... ကျွန်မကို နောက်ယောကျာ်း လက်ထဲ ထည့်ဖို့လုပ်နေတယ်" ကုမိုချန်းသည် ထိုအစ်မဆိုသူ၏ ကျော်ကြားမှုကို တနေ့ထဲမှာပင် ကျဆင်းသွားအောင် ရိုက်ချပစ်ခဲ့သည်။