Chapter - 21

1.1K 58 3
                                    

Unicode.....

မုကတော် ဟိုးယခင်ကတော့ စုအန်းအန်းကို သမီးလေးတစ်ယောက်လို ချစ်ခင်ခဲ့သည်။ စုဟွာနှင့် ကျန်းမေတို့၏ ပြောစကားများအရ စုအန်းအန်းသည် ပိုက်ဆံမက်ပြီး ၎င်းထက် အသက်များစွာကြီးသော လူအို တစ်ယောက်နှင့် တိတ်တိတ်ပုန်း လက်ထပ်ထားသည်ဟု သိရသည်

ကုအိမ်တော်မှ အကြီးအကဲများ လက်ထပ်ဖို့ကမ်းလှမ်းစဥ်က စုအိမ်မှလွဲပြီး မည်သူမျှမသိ။ လက်ထပ်မှတ်ပုံလည်း မတင်ရသေးသလို မင်္ဂလာအခမ်းအနားလည်း မကျင်းပရသေးပေ။

သို့သော် လက်ထပ်ရန် သဘောတူညီမှု ပြုလုပ်ပြီးသားတော့ ဖြစ်၏
၎င်းစကားများကို စုဟွာ မယုံ။ ကုမိုချန်းကစားလို့၀သွားလျှင် စုအန်းအန်းအား စွန့်ပစ်လိမ့်မည်။

ထို့ကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ စုအန်းအန်းအား ကုမိုချန်းဆီသို့ ရောင်းစားထားသည့်သတင်းအား အသိမခံပေ။

"အန်းအန်း သမီးဘာလို့ အခုလိုတွေပြောနေရတာလဲ သမီးမှာ ကောင်လေးရှိနေပြီဆိုတာ အန်တီသိထားပြီးပြီ"

"ဟုတ်ပါတယ် အန်တီ"

စုအန်းအန်းမှလည်း မငြင်းပေ။ သူမ၏စကားကြောင့် မုကတော်၏ မျက်လုံးတို့တွင် အထင်သေးမှုများစွာအား အထင်းသားမြင်နေရလေသည်။

စုဟွာနှင့် ကျန်းမေတို့မှ သူမအား စုဇစ်ဟန်အစား ကုအိမ်သို့စေလွှတ်ခံထားရသည့်အကြောင်းအား ပြောမည်မဟုတ် အခြားတစ်မျိုး လိမ်လည်ပြောဆိုထားမှန်း ခန့်မှန်းမိပြီးသားပင်။

"ဒါကြောင့်မို့ ကျောက်စိမ်းဆွဲပြားကို ပြန်အပ်လိုက်ပါတော့"

မုကတော်၏မျက်နှာမှာ ဖျော့တော့နေပြီး လေသံမှာလည်း မာလာသည် စားပွဲရှိ အခြားသူများအားလုံးကလည်း စုအန်းအန်းအား စောင့်ကြည့်နေကြသည်

အထင်သေးမှု ရွှံရှာမှု စက်ဆုပ်မှု စသော အကြည့်များစွာတို့ဖြင့် ကြည့်ခံရသည့်တိုင် သူမ ကျောက်စွမ်းဆွဲပြားလေးအား ကာကွယ်ချင်ပါသေးသည်

"စေ့စပ်ပွဲမရှိတော့လည်း အရင်လို မုအိမ်ကို သမီး၀င်ထွက်လို့ရပါတယ်"

CEO's Sweet Baby(MM Translation)Where stories live. Discover now