Chapter - 7

1.6K 70 3
                                    

Unicode

"အဖေ သမီး အမကိုတွေ့ချင်တယ်"

"ကောင်းပြီလေ" စုအန်းအန်းအား ကတိပေးထားသည့်အတွက်ကြောင့် ​စုဟွာ ခေါင်းငြိမ့်ပြလိုက်သည်။

ထိုစဥ် တစ်စုံတစ်ခုအား သတိရသွားသော ကျန်းမေမှ စုဟွာ အားခေါ်လိုက်ပြီး မျက်ရိပ်မျက်ကဲ လှမ်းပြလိုက်၏

"ယောကျာ်း"

ကျန်းမေ၏ ခေါ်သံကြားမှ သတိရသွားကာ လှေကားအတိုင်းတက်သွားသော စုအန်းအန်းအား  အော်ပြောလိုက်လေသည်။

"အန်းအန်း သမီးက အခုဆိုရင် ကုမိသားစု၀င်ဖြစ်နေပြီဆိုတော့ အခွင့်ရတဲ့အခါ မုမိသားစုကို ကျောက်စိမ်းဆွဲပြားလေး ပြန်ပေးလိုက်ပါ"

မုမိသားစု Mu family" ဟူသည့် စကား ၂ လုံးကို ကြားသည့်အခါ စုအန်းအန်း ရောက်နေသည့်နေရာမှ ရပ်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်၏

သူမ ဘ၀ထဲကနေ အရာအားလုံး တစ်ခုပြီးတစ်ခု ဆွဲထုတ်သွားခြင်း ခံခဲ့ရသည်။ သူမ၏အဖေ သတို့သားလောင်း အခုတော့ ဆွဲပြားလေးပါ ပေးရတော့မည်လား။

ပြန်တွေးရင်း အတိတ်က နာကျင်ရသည့်အကြောင်းတို့ကား တရေးရေးပြန်ပေါ်လာရသည်။

လွန်ခဲ့သောနှစ်.........................

ကျောင်းမှ အိမ်သို့  ခြေကျင်လျှောက်လာသော စုအန်းအန်း ပင်ပန်းလွန်းသည့်အတွက် အိပ်ဖို့ ဦးတည်ကာ အပေါ်ထပ်သို့ လှေကားအတိုင်းတက်လာစဥ်

မမျှော်လင့်ဘဲ စုဇဟန်၏အခန်းတွင်းမှ မိန်းမတစ်ဦးနှင့် ယောကျာ်းတစ်ဦး၏ အလိုရမ္မက်ကြီးစွာ ပြင်းပြင်းပြပြ အသက်ရှူမောဟိုက်နေသံများကို ကြားလိုက်ရ၏

အမှန်တကယ်ပင် သိချင်သွားမိခဲ့သည်
အဘယ်သို့သော ယောကျာ်းမျိုးသည် စုဇစ်ဟန်ကို သဘောကျနိုင်ပါသနည်း

တံခါးကို အနည်းငယ် ဟ၍ ချောင်းကြည့်မိသောအခါ အိပ်ရာထက်တွင် အမျိုးသားတစ်ဦးနှင်အမျိုးသမီးတစ်ဦးတို့၏ ထပ်လျက်သား မြင်လိုက်ရသည့် မြင်ကွင်းကြောင့် စုအန်းအန်း နွေခေါင်ခေါင်တွင် ရေခဲရေဖြင့် လောင်းချခံလိုက်ရသကဲ့သို့ပင်။

CEO's Sweet Baby(MM Translation)Where stories live. Discover now