Chapter - 9

1.4K 55 2
                                    

Unicode

စုအန်းအန်း တက်သွားသည်နှင့်တစ်ပြိုင်နက် စုဇစ်ဟန် ထိန်းမရဘဲ ပေါက်ကွဲတော့သည်

သူမ ချက်ချင်းအပေါ်ထပ်သို့ တက်သွားပြီး စုအန်းအန်းကို မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးပစ်လိုက်ချင်သည်

သို့သော် သူမရဲ့ဂနာမငြိမ် ပေါက်ကွဲနေမှုများကို ကျန်းမေမှ ရပ်တန့်လိုက်၏။

စုအန်းအန်းက သူမကို ပါးရိုက်ခဲ့သည့်အပြင် ပြန်ပြီး တုံ့ပြန်ဖို့လည်း အခွင့်မသာခဲ့

"အမေ စုအန်းအန်းက ဘာတွေလုပ်ချင်နေတာလဲ ကုအိမ်တော်အထိတောင် သွားနေပြီးနေပြီကို မုအိမိတော်ရဲ့ဆွဲပြားကို ခုထိ သိမ်းထားချင်သေးတာလား"
ကျန်းမေ၏လက်ကို ဆုပ်ကိုင်ထားရင်း အံကြိတ်ကာ ပြောလိုက်၏

"ဇစ်ဟန် သမီးပြောတဲ့စကားမှာပဲ အဖြေက ပါနေပြီလေ စုအန်းအန်းက အခုဆိုရင် ကုမိသားစု၀င်ဖြစ်နေပြီ သူနဲ့ မုအိမ်တော်နဲ့က ဘာမှမဆိုင်တော့ဘူး"

"ဒါပေမယ့် ကျောက်စိမ်းဆွဲပြားကို ပြန်မပေးရင် ဘယ်လိုလုပ်မလဲ အမေ မုအိမ်ကလူအိုကြီးက ကျောက်စိမ်းဆွဲပြားကို ပိုင်ဆိုင်ထားတဲ့ သူကိုသာ ချွေးမအဖြစ် အသိအမှတ်ပြုမှာတဲ့"

"ဇစ်ဟန် စိတ်ကို တည်ငြိမ်အောင်ထားစမ်း"

ကျန်းမေမှ သတိပေးလိုက်ရင်း မည်သူမျှမရှိသော လှေကားထိပ်ကိုကြည့်ကာ အေးစက်စွာပြုံးလိုက်၏

ကျန်းမေ၏ သတိပေးစကားကိုကြားတော့မှသာ စုဇစ်ဟန် တစ်စုံတစ်ခုအား သတိရသွား၏ သူမတို့တွင် အသုံးချခံပစ္စည်းအဖြစ် သုံးဖို့ စုရာ ရှိနေသေးသည်ပဲ။

စုရာကြောင့်သာ စုအန်းအန်းအား လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး ကုအိမ်တော်နှင့်လည်း လက်ဆက်စေနိုင်ခဲ့ခြင်း ဖြစ်သည်။

===================================

စုအန်းအန်း ကော်ရစ်တာ တောက်လျှောက် လျှောက်လာပြီး အခန်းတွင်းသို့၀င်လာခဲ့၏ ပုံမှန်အတိုင်းပင် အခြားမည်သူမျှရှိမနေ

အဘယ်ကြောင့်ဆိုသော် စုဟွာမှ ဤနေရာအား တားမြစ်နေရာ တစ်ခုအဖြစ် သတ်မှတ်ထားသောကြောင့် ဖြစ်သည်။

CEO's Sweet Baby(MM Translation)Where stories live. Discover now