Chapter - 1

3.5K 94 6
                                    

Unicode

ဆူညံနေသော ဘားတစ်ခုတွင်.......

အန်းအန်း သူမ၏ခေါင်းမှာ ချာချာလည်မူးနေသော်လည်း သူငယ်ချင်းဖြစ်သူ ဖုရှင်းရဲ့ အလောင်းအစားကို လက်ခံလိုက်ကာ ရှေ့တွင်ချထားသော အရက်ခွက်ကို ရဲဆေးတင်ရန် အကုန်မော့သောက်လိုက်သည်။

"အန်းအန်း.... တကယ်လို့ တံခါး၀နားမှာ ရပ်နေတာ ယောကျာ်းတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် နင်သွား.....
မိန်းမတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ငါသွားမယ်....."

"ပြီးရင် အ့လူကို နမ်းရမယ် နင်..ကစားရဲလား...."

အရက်နံ့တထောင်းထောင်းထနေသော ဖုရှင်းက ဆူညံနေသော သီချင်းသံတွေကြား အော်ပြောလေသည်။

"ပြိုင်ပွဲက ပြိုင်ပွဲပွဲ ဘယ်သူက ဘယ်သူ့ကို ကြောက်နေရမှာလဲ"

တကယ်တမ်း တံခါး၀မှာ ယောကျာ်းလား မိန်းမလားဆိုတာ သူမလည်း သိချင်မိသည်။

ထိုအချိန်မှာပင် တံခါး၀ကိုဖြတ်ပြီး အမျိုးသားတစ်ဦး လမ်းလျှောက်လာသည်ကို မြင်လိုက်ရ၏ စုအန်းအန်း သူမထိုင်နေသော နေရာ အနေအထားကနေ ထိုလူ့မျက်နှာကို ရှင်းလင်းစွာ မမြင်ရ။ အလင်းပြန်နေသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

သူမ လောင်းကြေးထပ်လိုက်ပြီဆိုထဲက ထိုသူ ရုပ်ဆိုးသည်ဖြစ်စေ ချောသည်ဖြစ်စေ သူမ နမ်းကိုနမ်းရတော့မည်။

ဖုရှင်း၏ တိုက်တွန်းဆော်သြမှုများအောက်တွင် အရက်ကို ရဲဆေးတင်ရန် ထပ်သောက်လိုက်ကာ

"လာစမ်း..."

အန်းအန်း ထိုအမျိုးသားရှိရာသို့ တည့်တည့်မတ်မတ် သွားလိုက်ရင်း ခေါင်းကိုမော့လိုက်ကာ ထိုသူ၏ သေသပ်လှပသော နှုတ်ခမ်းသားကို ကြည့်လိုက်ပြီး ခြေဖျားထောက်လိုက်ကာ ထိုသူကို နမ်းပစ်လိုက်၏

"နမ်းလို့ကောင်းသားပဲ!..."

ချက်ချင်းပင် သူမ ဆောင့်တွန်းခြင်း ခံလိုက်ရလေသည်။

"ခုချက်ချင်း ထွက်သွားစမ်း"

ထိုသူ၏အသံမှာ ရေခဲတမျှ အေးစက်နေပြီး သူမ၏ အပြုအမူကြောင့် အတော်လေး ဒေါသထွက်သွားပုံရလေသည်။

CEO's Sweet Baby(MM Translation)Where stories live. Discover now