Chapter - 22

1.1K 60 4
                                    

Unicode.......

စုအန်းအန်း လက်နှစ်ဖက်လုံးနှင့် လက်ဖက်ရည်ခွက်အား တင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။ အားလုံး၏ရှေ့တွင် စိတ်ကိုတည်ငြိမ်သည့်ပုံဟန်ဆောင်နေရသော်လည်း အမှန်တကယ်တွင် သူမ ပြိုလဲချင်နေပြီ ဖြစ်၏

စုဇစ်ဟန်နှင့် မုကျင်းယုတို့၏ဖောက်ပြန်မှုအား မျက်၀ါးထင်ထင်မြင်လိုက်ရပြီးကတည်းက သူကိုယ်တိုင်လည်း မုအိမ်တော်ထဲသို့၀င်ဖို့ စိတ်ကုန်နေပြီ ဖြစ်သည်

သို့သော်လည်း ၎င်းတို့အတွက် စိတ်အပန်းဖြေစရာ ကစားစရာ အရုပ်တစ်ရုပ်အဖြစ် ၂ နှစ်ကျော်လောက် လိမ်ညာခံခဲ့ရပြီး ကုမိုချန်းဆီသို့လည်း အလိုမတူပဲ ပို့ပေးခဲ့သည့် သူတို့အား ဒီအတိုင်းတော့ မပြီးလိုက်ချင်ပေ။

"ကောင်းပြီလေ"

စုအန်းအန်း၏ စကားတစ်ခွန်းကြောင့် လူအားလုံး လှုပ်လှုပ်ရှားရှားဖြစ်လာကြပြီး မျက်နှာထက်တွင်လည်း အပြုံးပန်းတို့ပွင့်လာကြသည်

စေ့စပ်ပွဲဖျက်ပေးဖို့ သဘောတူတော့မှာထင်တယ်!

သို့သော်..............

"မုအကြီးအကဲ ကိုယ်တိုင်က အမေကနေတဆင့် ကျွန်မကို ကျောက်စိမ်းဆွဲပြား ပေးခဲ့တာပါ ဒါကြောင့် ပြန်လိုချင်တယ်ဆိုရင် မုအကြီးအကဲကိုယ်တိုင် တောင်းဆိုရင် ကျွန်မ ပြန်ပေးပါမယ်"

စုအန်းအန်း မုကတော်အား တစ်ချက်ကြည့်ရင်း ဆက်ပြောလိုက်၏

"သမီးတို့ ဘာကြောင့်စေ့စပ်ဖြစ်ခဲ့တယ်ဆိုတာ အန်တီတို့လည်း သိပါတယ် ဒီကျောက်စိမ်းဆွဲပြားက အမေ့အသက်နဲ့တောင် လဲပြီးရခဲ့တဲ့ ပစ္စည်းလို့တောင် ပြောလို့ရပါတယ်
တကယ်လို့ မုအကြီးအကဲက ကျွန်မဆီကို လာမတောင်းပေးရင်လည်း ကျွန်မအမေကိုယ်တိုင်ကို ခေါ်လာပြီး ဆွဲပြားကို လာတောင်းခိုင်းလိုက်ပါ ကျွန်မ စေ့စပ်ပွဲကို ဖျက်သိမ်းပေးပါမယ်"

မုကျင်းယု ငယ်စဥ်က ဆောင်းရာသီအလယ် ရေကန်ထဲပြုတ်ကျခဲ့ဖူးသည် စုအန်းအန်း၏အမေမှာ ကျန်းမာရေးမကောင်းသည့်တိုင် သူမအသက်အား မငဲ့ကွက်နိုင်ပဲ ဆင်းကယ်ခဲ့ဖူး၏ ထိုဒဏ်ကြောင့်ပင် ကျန်းမာရေးအခြေအနေမှာ ပိုပိုဆိုးရွားလာခဲ့ရလေသည်

CEO's Sweet Baby(MM Translation)Where stories live. Discover now