Part-11

521 77 15
                                    

"ကိုယ်မင်းရဲ့ချစ်သူ taehyungလေ"

"ဗျာ?...ကျွန်တော့်ချစ်သူ?..မဖြစ်နိုင်တာ ယောကျာ်းအချင်းချင်းကို"

နိုးနိုးချင်း ချောမောခန့်ညားတဲ့လူတစ်ယောက်က ချစ်သူလို့လာပြောတော့ မသိစိတ်ကအနည်းငယ်ပျော်မိပေမယ့် ယောကျာ်းလေးဖြစ်နေတာကြောင့် နည်းနည်းတော့ကသိကအောင့်ဖြစ်မိတယ် အာ့ဆိုကျွန်တော်က gayလား...

"မင်းက ငါ့သားရဲ့ချစ်သူလား အဒေါ်တို့ထင်တာ jungkook ဆိုလားလို့"

ဘေးကအဒေါ်တစ်ယောက်ကဝင်ပြောလာတယ် ငါ့သားဆိုလားပဲ ဒါဆိုကျွန်တော့်အမေလား ကိုယ့်မိဘတောင်မေ့သွားရလောက်အောင် ဘာတေဖြစ်ခဲ့တာပါလိမ့်..

"jungkook ကသူ့သူငယ်ချင်းပါ ကျွန်တော်ကသူ့ချစ်သူပါ yoongi အန်တီတို့ကိုပြောပြီးပြီထင်နေတာ"

"အေးကွယ် အန်တီတို့လည်း အဝေးရောက်နေတာနဲ့ ဘာမှရေရေရာရာမသိရပါဘူးကွယ်...အဲ့တာတေထားပါဦး... ယောကျာ်းရယ် အခုသားလေးကအတိတ်မေ့သွားပြီ ဘယ်လိုလုပ်ကြမလဲ"

"ဆရာဝန်ပြောသွားတယ်မလား ပတ်ဝန်းကျင်အကူအညီနဲ့ဆို ပြန်မှတ်မိနိုင်တယ်ဆို အဲ့တော့ ငါ့တို့ကဘေးနားကကူညီပေးရင် ပြန်မှတ်မိလာမှာပါ စိုးရိမ်စရာမလိုပါဘူး"

*တီ တီ တီ*

စကားပြောနေတုန်းမှာပဲ yoongi အဖေဆီကဖုန်းဝင်လာတာမို့ အခန်းအပြင်ထွက်သွားလိုက်တယ်...

yoongi အဖေထွက်သွားတာနဲ့ taehyung လည်းyoongiဘေးနားဝင်ထိုင်လိုက်ပြီး...

"yoonလေးကိုယ့်ကိုတကယ်မမှတ်မိဘူးလားဟင်..."

ရုတ်တရက်ဘေးနားမှာထိုင်ပြီး ဝမ်းနည်းနေတဲ့မျက်လုံးနေတဲ့ကြည့်ကာပြောလာတဲ့ ချောလွန်းတဲ့လူကြောင့် ဘာပြန်ပြောရမှန်းမသိ ဒီလိုဆိုတော့လည်းကျွန်တော် တော်တော်ကံကောင်းတာပဲ ဘာတဲ့ yoonလေးတဲ့ အသည်းယားစရာကြီး..

ဒါပေမယ့် သူ့ကိုဘယ်လိုမှရင်းနှီးတယ်လို့မခံစားရဘူး...စိမ်းသက်သက်နဲ့

"ဟို...ကျွန်တော်နဲ့ဘယ်လိုပတ်သတ်တာလဲဟင်..."

မေးလိုက်တဲ့ချက်ချင်းမှာပဲ ကျွန်တော့်ကိုကြည့်နေရင်းကမျက်ရည်တေဝဲလာပြီး ခေါင်းငုံ့သွားတဲ့သူ ရုတ်တရက်ကျွန်တော့်လက်ကိုဆုပ်ကိုင်လာတာမို့လန့်သွားပေမယ့် မရုန်းမိ..

A loser,a coupleWhere stories live. Discover now