Part-15

407 45 16
                                    

Jimin's pov;

yoongi hyungကိုတွေ့လိုက်ရတာနဲ့ ခေါင်းထဲမှာမေးခွန်းတေကအများကြီး ဘာတေလဲ၊ဘာလို့လဲ၊ ဘယ်လိုဖြစ်ပြီးတော့ စတဲ့မေးခွန်းတေနဲ့ရှုပ်ရှုက်ခက်လို့နေတယ်။ ထွက်လာသမျှမေးခွန်းတေကိုအသာထားပြီး taehyungနဲ့ hoseokကိုအကဲခတ်ကြည့်နေလိုက်တယ်၊ ခနကြာတော့ yoongi hyungကအပေါ်ပြန်တက်သွားပြီးအခန်းတစ်ခုထဲကိုဝင်သွားတယ်၊ taehyungကလည်းကားနဲ့အပြင်ထွက်သွားတယ်၊ hoseok ကတော့အိမ်ထဲမှာပဲကျန်ခဲ့တယ်။ ဒီမရိုးမသားကိစ္စကိုသေချာပေါက်အဖြေရှာချင်တာမို့ အိမ်အနောက်ကိုပတ်သွားပြီး yoongi hyungဝင်သွားတဲ့အခန်းနေရာကိုမှန်းဆပြီး အမြင့်ကိုတစ်ချက်ကြည့်လိုက်တော့ ပြုတ်ကျရင်ပွဲချင်းပြီးသေမယ့်အမြင့်။ ဒါပေမယ့် ဘေးကပ်လျက်မှာဝရံတာတစ်ခုရှိပြီး ဝရံတာကိုမှီထားတဲ့လှေကားကလည်းအသင့်ရှိနေတော့ လွယ်မှာသေချာပါတယ်။

လှေကားကိုအသံမထွက်အောင်သေချာဂရုတစိုက်မလာပြီး yoongi hyung ဝင်သွားတဲ့အခန်းပြူတင်းပေါက်မှာတည့်တည့်ထောင်လိုက်တော့ လှေကားကလည်းပြူတင်းပေါက်ကိုရောက်ဖို့နည်းနည်းလိုနေသည်။ နည်းနည်းလေးပဲလိုနေတယ်အထင်နဲ့ တက်လိုက်တာထိပ်ရောက်တော့မှလူတစ်ရပ်စာလောက်လိုနေသည်ကိုသိလိုက်ရသည်။ ဘုရားတကာအရဲကိုးပြီးခုန်လိုက်တော့ ကံကောင်းထောက်မစွာနဲ့ပြူတင်းပေါက်ဘောင်ကိုမှီသွားသည်၊ ပြူတင်းပေါက်ဘောင်ကိုမှီတာနဲ့တပြိုင်နက် ခြေထောက်ကလည်းလှေကားကိုမမှီတော့ပဲလူကတွဲလောင်းပုံစံဖြစ်သွားသည်။ ခုမှတက်လာတာနောင်တရချင်သွားသည် ပြုတ်ကျရင်တော့လား။ လက်မောင်းကမရှိမဲ့ရှိမဲ့ကြွက်သားတေကိုပဲအားကိုးကာ အသားကုန်ကုပ်တွယ်ကာတက်လိုက်တော့မှ အခန်းထဲကိုခြေချနိုင်တော့သည်။ ခုမှအသက်အန္တရာယ်ရလွတ်မြောက်လာတာမို့ သက်ပျင်းချကာ ချွေးသုတ်ရင်းကိုယ်တက်ခဲ့တဲ့အမြင့်ကိုပြန်ငုံကြည့်လိုက်သည်။

"အ့..ငလူးတဲ့မှ"

ဒီလောက့်မြင့်တာကိုတက်နိုင်တာကိုယ်တော်လို့ပဲလို့ ကိုယ့်ကိုယ်ကိုချီးကျူးနေတုန်း ခေါင်းကိုလာမှန်တဲ့မာတောင့်တောင့်ပစ္စည်းတစ်ခုကြောင့် ရှေ့ကိုယိုင်သွားကာ ပြူတင်းပေါက်ကနေခေါင်းနဲ့ဆင်းရတော့မလိုဖြစ်သွားသည်။
ဟန်ချက်ကိုပြန်ထိန်းကာ ပူထူသွားတဲ့ခေါင်းကိုအုပ်ကိုင်ရင်း နောက်ကိုလှည့်ကြည့်လိုက်တော့ အခန်းထောင့်နားမှာကပ်နေတဲ့ yoongi hyung လက်ထဲမှာလဲဘေစ့်ဘောတုတ်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသေးသည်၊ ခန္တကိုယ်လေးကလဲအနည်းငယ်တုန်ရီနေသေးသည်

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Jun 10, 2022 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

A loser,a coupleNơi câu chuyện tồn tại. Hãy khám phá bây giờ