Part-13

559 68 26
                                    

Zawgi

*တီ တီ တီ*

အခန်းကျဉ်းကျဉ်းလေးထဲပျံ့လွင့်လာတဲ့ နိုးစက်သံခပ်စူးစူးကြောင့် ကုတင်ပေါ်ကကောင်လေးတစ်ယောက် လူးလိမ့်ကာထထိုင်လာတယ်...နိုးစက်ကိုပိတ်ပြီးသည့်တိုင်အောင် ထိုကောင်လေးမျက်လုံးတို့မှာပွင့်မလာသေး ကုတင်ပေါ်မှာအတော်ကြာအောင် ထိုင်လျက်နဲ့အိပ်ပြီးချိန်မှာတော့ ဖင်ကုတ်ခေါင်းကုတ်နဲ့ ရေချိုးခန်းထဲဝင်သွားတော့သည်...

Jimin's pov-

ရေချိုးမျက်နှာသစ်ပြီးတာနဲ့ ကျောင်းသွားဖို့ပြင်ဆင်ရန် အိပ်ခန်းထဲဝင်သွားလိုက်သည် အိပ်နေကျကုတင်နဲ့ ခပ်ခွာခွာမှာရှိတဲ့ကုတင်အလွတ်ကိုတစ်ချက်ကြည့်မိတော့ သက်ပျင်းချမိပြန်တယ်..

jungkookတိုက်ခန်းကိုပြန်မလာတာ တစ်ပတ်လောက်ရှိပြီဖြစ်သည် ကျောင်းကိုလည်းရောက်မလာ အဆက်အသွယ်လည်းမရ ထို့အပြင် yoongi hyungပါပျောက်နေသည်ကပိုထူးဆန်းသည် yoongi hyungနဲ့ပတ်တီးဖြေဖို့သွားမယ်ဆိုပြီးထွက်သွားကတည်းကပြန်မလာတာ ဒီနေ့ထိ...အစကတော့ ခိုးပြေးသွားတာလားဆိုပြီး ခပ်ကြောင်ကြောင်စဉ်းစားမိပါရဲ့ ဒါပေမယ့် အဆက်အသွယ်တေပါဖြတ်ထားတော့ နှစ်ယောက်သားတစ်ခုခုများဖြစ်နေမလားဆိုပြီး စိတ်ပူမိသည်...

ကျောင်းတက်ချိန်ကိုကျော်လွန်နေပြီမို့ အတွေးတေကိုခနရပ်လိုက်ပြီး ပေါင်မုန့်ချပ်တစ်ခုကိုဆွဲယူကာကျောင်းကိုအမြန်ပြေးရတော့သည်...အမြဲကျောင်းနောက်ကျတတ်တာမို့ နိုးစက်ကိုနာရီဝက်စောပေးထားပေမယ့် တစ်နာရီလောက်ထပ်အိပ်လိုက်မိတာကြောင့် ဒီနေ့လည်းကျောင်းနောက်ကျဦးမယ်....

ကျောင်းဝန်းထဲရောက်တာနဲ့ အရင်လိုလူတိုင်းငေးကြည့်နေရတဲ့ jungkookတို့အတွဲများရောက်နေမလားဆိုပြီးရှာကြည့်ပေမယ့် အရိပ်တောင်မတွေ့ရ...

"yrr...jimin-na"

ရူတ်တရက်ဘေးနားကိုရောက်လာတဲ့ အတန်းဖော်ကောင်မလေးတေကြောင့် စိတ်ပျက်လက်ပျက်သက်နဲ့သက်ပျင်းချမိတယ်..

"ဘာလဲ..ပြော.."

"yrr...ဘာလဲလုပ်မနေနဲ့ yoonkookရောလို့"

A loser,a coupleWhere stories live. Discover now