Part-6

630 79 11
                                    

Zawgi

"hyung...စောင့်နေရတာကြာပြီလား"

"မကြာသေးပါဘူး...မင်းကိုပြောစရာရှိတယ်"

"ပြောလေhyung"

"စီနီယာtaehyungကနေ့လည်စာလိုက်ကျွေးချင်လို့တဲ့ မင်းကိုရောခေါ်ခဲ့ပါတဲ့ ခနနေသူရောက်လာလိမ့်မယ်"

"hyung!..သူကကျွန်တော်တို့ကိုဘာလို့နေ့လည်စာကျွေးမှာလဲ"

"မနေ့ညကကိစ္စကျေးဇူးတင်လို့တဲ့ မင်းနဲ့ရန်ဖြစ်တာလည်းမရည်ရွယ်ပါဘူးတဲ့ မင်းနဲ့လည်းပိုရင်းနှီးအောင်လို့တဲ့"

"hyung ကသူပြောတာတေယုံနေတာလား သူက hyungနားကပ်ဖို့ကြံစည်နေတာ...hyungမသိဘူးလား"

"jungkookie...နေ့လည်စာစားရုံပါ..မင်းနဲ့သွားမှာဆိုပြီးငါငြင်းပါသေးတယ် မရလို့ပါ...hoseok လည်းပါမှာ"

"ဒါမဲ့ hyung...."

"yoongi!.."

"ဟိုမှာစီနီယာတောင်လာနေပြီ မင်းမသွားစေချင်ဘူးဆိုရင် ငါပြောလိုက်မယ်လေ"

"ရတယ်hyung...hyungကကျွန်တော့်အပိုင်ဆိုတာသူသိအောင်ပြဖို့လိုနေပြီ"

စကားပြာနေတဲ့ yoongi တို့နားကိုtaehyung ရောက်လာတဲ့အချိန် အခန်းထဲကhoseokလည်းထွက်လာတယ်....

"အော်...jungkookလည်းရောက်နေပြီပဲ သွားရအောင် ဒီနားမှာဆိုင်ကောင်းကောင်းရှိတယ်"

"အင်း...သွားကြတာပေါ့"

jungkook,yoongi ပုခုံးကိုဖက်ပြီးပြောလိုက်တော့ taehyung ချက်ချင်းhoseokဘက်ကိုမျက်နှာလွဲလိုက်တယ် ဒါကိုမြင်လိုက်တဲ့ jungkook ကတော့ တစ်ချက်ပြုံးလိုက်ပေမယ့် စိတ်မသက်မသာဖြစ်သွားရတယ် သူဘာလို့မျက်နှာလွဲသွားရတာလဲ taehyungများyoongiအပေါ်ခံစားချက်ရှိနေတာလားဆိုပြီး
.
.
.
.
ဆိုင်ရောက်တော့ yoongiအရင်ဝင်ထိုင်လိုက်ပြီး jungkookကသူဘေးဝင်ထိုင်လိုက်တယ် ဒါပေမယ့် yoongiနဲ့မျက်နှာချင်းဆိုင်မှာ taehyungထိုင်လိုက်တာမို့ jungkook,yoongiကိုပြန်ထွက်ခိုင်းပြီး သူအရင်ဝင်ထိုင်ပြီးမှ yoongiကိုသူ့ဘေးနားထိုင်စေတယ်...

"yoongi...jungkookဘာစားမလဲ"

"ကျွန်တော်နဲ့ yoongi hyungက steak နှစ်ပွဲ"

A loser,a coupleWhere stories live. Discover now