Part-14

614 85 35
                                    

Zawgi

အိမ်ရှေ့ကဘဲလ်တီးသံကြားလို့သွားဖွင့်လိုက်တော့ ခေါ်ထားတဲ့family doctor ရောက်လာတာဖြစ်နေတယ်...ခုနက ကျောင်းကိုမလိုက်နဲဆိုလို့စိတ်ကောက်သွားတဲ့ yoongiကမနက်ကတည်းကခုချိန်ထိအခန်းထဲကထွက်မလာသေးဘူး...ကျွန်တော်ကပဲ doctorကိုအထဲဝင်ဖို့ပြောပြီး yoongi အခန်းရှေ့ကိုသွားလိုက်တယ်...

"yoonieရေ...တံခါးဖွင့်ပါဦး...doctorရောက်နေပြီ"

တံခါးကိုအသာလေးခေါက်ပြီး ပြောလိုက်တော့ မကြာပါဘူးတံခါးလာဖွင့်ပေးတဲ့သူ နှုတ်ခမ်းလေးဆူနေပုံထောက်ရင် စိတ်ကောက်နေတုန်းပဲထင်ပါရဲ့ တံခါးကိုအကုန်တောင်ဖွင့်မပေးသွားပဲ ဟရုံလောက်လေးဟထားခဲ့ပြီး ချက်ချင်းလှည့်ထွက်ကာ ကုတင်ပေါ်သွားထိုင်နေတဲ့ကောင်လေးကြောင့် ကျွန်တော့်ဘာသာပဲဝင်လာလိုက်တယ်....

ဆရာဝန်က ကျောက်ပတ်တီးဖြေပေးပြီး leg braceတပ်ပေးနေတဲ့တစ်လျှောက်လုံးစကားလဲမပြော ကျွန်တော့်ကိုလဲမကြည့်ပဲ ဆရာဝန်မေးသမျှခေါင်းငြိမ့်ခေါင်းခါသာလုပ်နေတဲ့ ကောင်လေးကြောင့် သက်ပျင်းချမိတယ် ဒီလိုဆိုကျွန်တော်ကပဲအလျော့ပေးရမယ်ထင်ပါတယ်.....

ဆရာဝန်ကလုပ်စရာရှိတာတေလုပ်ပေး မှာစရာရှိတာတေမှာပြီးနောက် ပြန်သွားတယ်...ဆရာဝန်ကိုတောင်လိုက်မပို့တော့ပဲ ကျွန်တော့်ကိုစိတ်ကောက်နေတဲ့ကုတင်ပေါ်က ကောင်လေးဘေးမှာဝင်ထိုင်လိုက်တယ်..ကျွန်တော်ဝင်ထိုင်လိုက်တော့ ကျွန်တော်နဲ့ ဆန့်ကျင်ဘက်ကိုမျက်နှာလွဲသွားတဲ့ကောင်လေး

"yoonieကိုယ့်ကိုစိတ်ကောက်နေတုန်းလား"

"ဟုတ်တယ်!"

အောင့်အောင့်စောင့်စောင့်နဲ့ဖြေလာတဲ့အသံလေးက ကလေးလေးတစ်ယောက်လို...

"yoonieကကိုယ့်ကျောင်းကိုလိုက်ချင်တာလား...ကိုယ်ကကျောင်းကိုမခေါ်လို့စိတ်ဆိုးနေတာလား"

မေးလိုက်တော့ ကျွန်တော့်ဘက်ကိုချက်ချင်းလှည့်လာပြီး...

"ဟုတ်တယ်! ကျွန်တော်ကကျောင်းလိုက်မယ်ပြောတိုင်း taeကအမြဲစကားလမ်းကြောင်းလွဲတယ်...ကျွန်တော့်ခြေထောက်ကောင်းနေပါပြီဆိုတာကို အိမ်ထဲပဲနေခိုင်းနေတယ်...အိမ်ထဲပဲနေမှတော့ ဘာသိတော့မှာလဲလို့ ကျွန်တော့်ကိုကျောင်းခေါ်သွားတာ ဘာများအပန်းကြီးနေလို့taeကမခေါ်ချင်ရတာလဲ...အဟင့်"

A loser,a coupleWhere stories live. Discover now