"သခင်လေး ဒိုအိမ်တော်က ပို့လိုက်တာပါ"
ရေကန်ထဲက ငါးလေးတွေကို အစာကျွေးနေရင်း ဂျွန်အင်နှင့် စကားရောက်တတ်ရာရာပြောနရာမှ အစေခံတစ်ဦးရဲ့စကားကြောင့် အဆက်ပြတ်သွားသည်...
ကမ်းပေးထားတဲ့ နီညိုရောင်ကျွန်းသေတ္တာငယ်ကို ဂျွန်အင်ကယူပြီး ဖွင့်ကြည့်လိုက်သည်..."သခင်လေး..."
အံ့သြနေတဲ့အကြည့်နဲ့ ဂျွန်အင်က ထိုကျွန်းသေတ္တာကို ချန်းယောလ်အား ယူကြည့်စေသည်...
စာရွက်အပိုင်းအစတစ်ခု...အတိအကျဆိုရရင် ရွီလာ ပြည်၏ မြေပုံအပိုင်းအစတစ်ခု...မြေပုံထဲမှ တောင်ဘက်အရပ်တစ်နေရာကို အနီရောင် အမှတ်အသား သုံးခု ရှိလေသည်..အနောင်ဖက်ကို လန်ကြည့်လေတော့ 'တောင်အရပ်မှအသံများ'
ဟု ရေးထားလေ...ဤ အရာက ချန်းယောလ်ကို အမှန် စိတ်ဝင်စားသွားစေသည်..ဘာလို့ ဒီမြေပုံအပိုင်းကို ပို့လိုက်ရတာလဲ...ဒါက ဘယ္လို လက်ဆောင်မျိုးလဲ....ပြီးတော့ ဒီစာက ဘာကို ဆိုလိုတာလဲ
"ဂျွန်အင် ငါ မနက်ဖြန် သူတို့ချိန်းဆိုထားတဲ့အတိုင်း သွားသင့်တယ်လို့ထင်တယ်"
တိတ်ဆိတ်နေတဲ့ပုံစံအရ ဂျွန်အင်လည်း သွားသင့်သည်လို့ ထင်ပုံရသည်လေ....
....................................................
ဘုရင်မင်းမြတ်နှင့် အမတ်ကြီးအချို့တို့ဟာနေဝင်ဆည်းဆာကိုရှုစားရင်း စားတော်များ သုံးဆောင်ကြလေသည်...
"အမတ်မင်း ချွဲ... ငါကိုယ်တော်မြတ်ရဲ့ တိုင်းပြည်ရဲ့အခြေအနေဘယ်လိုရှိလဲ"
အတွင်းဝန်အမတ်ချုက်ချွဲဟာ သောင်လက်စ အကြမ်းခွက်ကို အမြန်ချရင်း မင်းကြီးအား ဂါဝရပြုလေသည်...
"အရှင်မင်းကြီးရဲ့ ဂရုဏာသက်မှုကြောင့် တိုင်းပြည်ရေးဟာ ငြိမ်းချမ်းနေပြီး စားဝတ်နေရေးမှာလည်း ဖူလုံလှပါတယ် "
"အင်း...အားလုံးက အမတ်မင်းတို့ရဲ့ ကိုယ့်တော်အပေါ် ကျေးဇူးသိတတ်မှုနဲ့ ပြည်သူတွေကို ဂရုစိုက်ပေးမှုကြောင့်တွေပါ..."
မင်းကြီးရဲ့အပြောကြောင့် အမတ်မင်းအပေါင်းတို့ဟာ နေရာအသီးမှ မင်းကြီးအား ကိုယ်ကိုကိုင်းညွှန့်၍ အရိုအသေပေးလေသည်...
YOU ARE READING
Ruler/Guardian
ספרות חובביםလောကမှာ ဖြစ်ချင်တာ ဖြစ်ခွင့်ရှိကြသလို ဖြစ်ချင်တဲ့အတိုင်း ဖြစ်ခွင့်မရှိတဲ့သူတွေလည်းရှိတယ်... လောက နိယာမကို ဆန့်ကျင်ပြီး နေနိုင်ကြတဲ့လူရှိသလို....အဲ့လိုလုပ်လို့မရတဲ့လူလည်းရှိတယ် ဆန္ဒကိုဖော်ထုတ်ပြီး ဘဝကို စိတ်ကြိုက်ဖန်တီးနိုင်တဲ့လူရှိသလို... မျိုသိပ်ထား...