Part 3

194 28 2
                                    

"အဲ့ဦးလေးက စောစောက ရွာလူကြီးအဖိုးလား"

"အင်း...ပြီးတော့ မြေပုံပေါ်က 'တောင်အရပ်မှအသံများ' ဆိုတာ သူတို့ကို ဆိုလိုချင်တာ စောစောကရောက်ခဲ့တာ တစ်နေရာပဲရှိသေးတယ်.. "

"နောက်ထပ်ရှိသေးတာလား"

"Omm ဟုတ်သား..မေ့တော့မလို့ ငွေစတစ်ထောင်လှူတယ်လို့ပြောတဲ့ကိစ္စက ချန်းယောလ်ရဲ့ငွေတွေကို ဒီလိုနေရာတွေမှာ သုံးတယ်ဆိုတာ သိစေချင်လို့.."

"ကျွန်တော်နားလည်ပါပြီ...နောက်လိုတာရှိရင် ကျွန်တော့်ကိုပြောပါ ကျွန်တော် ကူညီပေးချင်တာမလို့.."

"အင်း.."

မြို့ရိုးကို ပြန်ရောက်သည်နှင့် ညနေစောင်းနေလေပြီ
အချိန်နှောင်နှေးမည်ကို ကြိုသိနေတဲ့ ဂျောင်ဆူးက နောက်ထပ်ကျန်နေတဲ့နေရာတွေကို နောက်အဆင်ပြေတဲ့ နေ့တွေမှ သွားဖို့ဆုံးဖြတ်ထားသည်...ယခု သူ၏ အစီအစဉ်တွင် ချန်းယောလ်တို့ပါ ပါလာပြီမို့ ပိုပြီး အားရှိရသည်...ဂျောင်ဆူး၏ နောက်ထပ်အစီအစဉ်တွေက ပြည်တော်မဝင်နိုင်တဲ့ ရှီလာပြည်သားတွေရဲ့ ဒုက္ခကို နိုင်ငံရဲ့ မင်းကြီးအား အသိပေးချင်သည်...ဤ သည်ကလည်း လွယ်လွယ်နဲ့တော့ မဖြစ်နိုင်...ဂျောင်ဆူးမှာ နန်းတွက်းမှ အသိအခင်မရှိသောကြောင့် ခက်ခဲသည်...ချန်းယာလ်တော့ ထိုကဲ့သို့မဟုတ် ဂျောင်ဆူးသိထားသလောက်တော့ ပတ်မျိုးရိုးဟာ နန်းတွင်းတော်ဝင်မိသားစုဝင်တွေထဲက တစ်ခု ဖြစ်တာကြောင့် နန်းတွင်းရေးနှင့်ပတ်သက်လျှင် ချန်းယောလ်ကို အကူအညီတောင်းနိုင်လေသည်လေ...

မြို့တွင်းဝင်သည်နှင့် လမ်းခွဲလိုက်လေတဲ့ သူတို့ဟာ နောက်ထပ် လပြည့်ရက်ရောက်လျှင် ဈေးတန်းအကျော်က တံတားတွင်တွေ့ရန် အချိန်းအချက်ပြုလုပ်ခဲ့ကြသည်...

...............................................................

ဆုတောင်းရာမှ နန်းဆောင်ပြန်ရောက်လာတဲ့ မင်းကြီးဟာ
သေတ္တာထဲမှ လျို့ဝှက်ပစ္စည်းတချို့ကို ကြည့်ရင်း အတွေးများ
နေသည်...သေရာပါ ဆုပ်ကိုင်ထားတဲ့ ခမည်းတော်ရဲ့ လက်ထဲမှ ထိုပစ္စည်းတွေဟာ ဘယ်လိုကြောင့်များ ခမည်းတော်အပေါ် သက်ရောက်မှရှိစေခဲ့လေသလဲ....

Ruler/GuardianWhere stories live. Discover now