ညအေးလေ တဖြူးဖြူးက ရင်ထဲအထိ အေးစိမ့်စေသည်..
အဝတ်ပါးပါးနဲ့ ထိုကောင်လေးတော့ အအေး မိတော့မှာပဲ
ဆေးမြစ်တူးတယ်ဆိုလည်း စောစော စီးစီးသွားပြီး စောစော ပြန်ခဲ့ပါလား...အခုတော့ မှောင်ရီပင်ပျိုးလေပြီ...ပတ်ဝန်းကျင်က မှုန်ဝါးဝါး...လပြည့်ညမို့သာ တော်သေးသည်...လရောင်ကို အားပြုပြီး မြင်းထက်ကမှ မျက်စိတဆုံး ရှာနေမိသည်..ဟော! တောအထွက်လမ်းဘေးက အပင်အောက် ခွေခွေလေးထိုင်နေပြီး ခြေထောက်ငုံ့ကြည့်ကာ မျက်နှာ ရှုံ့မဲ့လေတဲ့ သူ့ကို တွေ့ရလေတော့ မြင်းပေါ်က ဆင်းပြီး အပြေးသွားလိုက်သည်...
"ဘတ်ဟျွန်းနား... ဘာဖြစ်တာလဲ.. "
"ဟင်...ဆယ်ဟွန်းနီး... "
ရုတ်တရက် ဒီလိုနေရာမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားတဲ့ ဘတ်ဟျွန်းက နာကျင်မှုကြားက သူ့အား တအံ့တသြ မော့ကြည့်လာသည်...
"ဘာဖြစ်တာလဲလို့ ဘတ်ဟျွန်းရာ ...ခြေထောက်ကယောင်ကိုင်းနေတာပဲ ချော်လဲတာလား.."
ဖူးယောင်နေတဲ့ ခြေထောက်ကို စိုးရိမ်တကြီး ကိုင်ရင်း ခါးစည်းကြိုးကို ဆွဲဖြုတ်ပြီး တယုတယ စည်းပေးထားလိုက်သည်
တုန်ရီနေသယောင်လည်း ဖြစ်နေသည်မို့ အပြင်ခံတစ်ထည်ကိုပါ ထိုကောင်လေးအား ခြုံထားပေးလိုက်သည်.."အင်း..စောစောက တောင်အောက်မှာ ခလုတ်တိုက်ပြီး ဆချာ်လဲသွားတာ.."
"ဟူး...ဘတ်ဟျွန်းရာ...လာ မြင်းပေါ်တက်... "
"ဆေးမြစ်တွေကရော...ကျွန်တော် ခက်ခက်ခဲခဲ တူးလာရတာဗျ! ..."
"ငါ သယ်ခဲ့မယ် မင်းသာ မြင်းပေါ်အရင်တက်!"
မြင်းပေါ်ရောက်အောင် ကူပေးပြီးတဲ့နောက် အပင်အောက်က ဆေးမြစ်တောင်း ကို ယူလာရင်း လက်တစ်ဖက်ကလည်း မြင်းဇက်ကြိုးဆွဲကာ ရွာထဲကို ဦးတည်လာသည်..
"ဆယ်ဟွန်းနီး...ဒီအတိုင်းပဲ လမ်းလျှောက်မို့်လား..ကျွန်တော်နဲ့ အတူတူလျှောက်မယ်လေ..သိပ်မနာပါဘူး"
"မဆင်းနဲ့... "
အနည်းငယ် တိမ်ဝင်သွားတဲ့ အသံဟာ မူမမှန်နေခဲ့ပါ..ဆယ်ဟွန်း...သူ..သူ ငိုနေတာလား...
YOU ARE READING
Ruler/Guardian
Fanfictionလောကမှာ ဖြစ်ချင်တာ ဖြစ်ခွင့်ရှိကြသလို ဖြစ်ချင်တဲ့အတိုင်း ဖြစ်ခွင့်မရှိတဲ့သူတွေလည်းရှိတယ်... လောက နိယာမကို ဆန့်ကျင်ပြီး နေနိုင်ကြတဲ့လူရှိသလို....အဲ့လိုလုပ်လို့မရတဲ့လူလည်းရှိတယ် ဆန္ဒကိုဖော်ထုတ်ပြီး ဘဝကို စိတ်ကြိုက်ဖန်တီးနိုင်တဲ့လူရှိသလို... မျိုသိပ်ထား...