Part 4

180 22 5
                                    

ချန်းယောလ်ပြေးသွားခြင်းက ဂျောင်ဆူးအဖို့ ရုတ်တရက်ဆန်လှသည်မို့ ထိုနေရာမှာတွင်ရပ်ကျန်နေခဲ့သည်...

တစ်ဖက်တွင်တော့...
ချန်းယောလ်ဂျောင်ဆူးကို မျက်နှာအလွှဲ တံတားအကျော်က သစ်ပင်အကွယ် တစ်နေရာတွင် တစ်စုံတစ်ယောက်က သူတို့်အား ချောင်းမြောင်းနေသည်ကိုမြင်သွားသည်...
ထိုအနက်ရောင်ဝတ်စုံနှင့် လူသည် ချန်းယောလ်မြင်သွား သည်ကို သတိထားမိသည်နှင့် တစ်ဖက်သို့ ပြေးထွက်သွားသည်

ဘယ်သူက ဘာကြောင့် သူတို့အား ချောင်းမြောင်းလဲဆိုတာ သိဖို့ ချန်းယောလ်လည်း အမြန်ပြေးလိုက်ရတော့သည်..
ရုတ်တရက်မို့ ဂျောင်ဆူးကို အားနာသော်လည်း ရှင်းပြဖို့အချိန်က မရှိတော့သည်မဟုတ်တာမို့ ပါးစပ်က ပြောမိပြောရာ ဖြေလိုက်မိသည်...

ဈေးတန်းဖက်ကို ပြေးသွားတဲ့ ထိုလူကို မျက်ခြေမပျက်စေရန် အမှီလိုက်ရသည်...အခြေအနေကို ရိပ်မိလေတဲ့ ဂျွန်အင်က တစ်ခြားလမ်းဖြင့်လိုက်သည်...

လူပြတ်လှတဲ့ ဈေးတန်းအကျော်ချောင်တစ်နေရာတွင်တော့ ထိုလူကို ချေင်ပိတ်ဖမ်းမိသည်...ဂျွန်အင်ရဲ့ ကျွမ်းကျင်လှတဲ့ ကိုယ်ခံသိုင်းကြောင့် ထိုလူမှာ ဒူးထောက်အနေအထားနှင့် လည်ပင်းတွင်လည်း ဂျွန်အင်၏ ဓားဖြင့်ထောက်ထားခြင်းကို ခံရသည်ကြောင့် ပြေးလမ်းမရှိတော့...

အနက်ရောင်ဝတ်စုံအနေအထားနှင့် ထိုလူရဲ့အသွင်ပြင်ဟာ ချန်းယောလ်လို အဆင့်အတန်းမြင့်သခင်လေး တစ်ယောက်ကို ဘယ်လိုနည်းနဲ့မှ ရန်စဖို့မဖြစ်နိုင်... တစ်စုံတစ်ယောက်ရဲ့ ဖိအားပေး စေခိုင်းမှုမပါရင်ပေါ့

"မင်းကို ဘယ်သူလွှတ်လိုက်တာလဲ!"

တုန်ရင်နေတဲ့ ထိုလူက အတန်ကြာ စဉ်းစားနေဟန်ပြုသည်
တစ်ဖက်တွင် သူ့မိသားစုရှိသည်..သူပြောလိုက်လျှင် သူ့
မိသားစုတစ်ခုလုံး သူအပါအဝင် အသတ်ခံရနိုင်သည်
*တစ်ခုခုဖြစ်ခဲ့ရင် မင်းမိသားစုရဲ့ အသက်က မင်းရဲ့ဆုံးဖြတ်ချက်အပေါ်မူတည်တယ်ဆိုတာ မြဲမြဲမှတ်ထား* ထိုစကားသံဟာ အာရုံထဲဝင်ရောက်လာသည်...တုံးအလွန်းတဲ့ ထိုလူဟာ ဘယ်လိုဖြေကြားရမလဲ ဘယ်လို ညဏ်လွှာသုံးရမလဲ မသိနိုင်လောက်အောင် ညဏ်ရည်မမှီတာမို့ လည်ပင်းထက်က ဂျွန်အင့်ရဲ့ဓားကို ဆွဲယူပြီး ဝမ်းဗိုက်ကို ထိုးချလိုက်သည်...သူ့ရဲ့ သေခြင်းက အနည်းဆုံးတော့ သူ့မိသားစုကို အကာကွယ်ပေးနိုင်မလားပေါ့....

Ruler/GuardianΌπου ζουν οι ιστορίες. Ανακάλυψε τώρα