ရင်ခွင်ထဲကကောင်လေးကိုကြည့်ရင်း ဆယ်ဟွန်းမြင်းဇက်ကြိုးကို ဆွဲလိုက်သည်။ရုတ်တရက် ဆယ်ဟွန်းရဲ့ ရပ်တန့်မှကြောင့် ရှေ့မှ သွားလေတဲ့ ဂယောင်ဆူးက သူ့အား မျက်မှောင်ကြုတ်ကြည့်လာလေသည်။ ဘတ်ဟျွန်းသည်လည်း ရင်ခွင်ထဲမှ သူ့အား နားမလည်စွာ မော့ကြည့်လာသည်
"ဘာဖြစ်လို့လဲဆယ်ဟွန်း...."
"ဟို.. ကျွန်တော်တို့ခဏနားကြမလား သခင်လေး..မြင်းတွေလည်း တစ်နေ့လုံးခရီးနှင်လာရတော့ ပင်ပန်းနေလောက်ပြီဆိုတော့လေ"
ဆယ်ဟွန်းအပြောကြောင့် ဂျောင်ဆူး သူတို့စီးလာတဲ့ မြင်းထံအကြည့်ရောက်သွားလေသည်။ အဓိကအကြောင်းပြချက်က မြင်းပင်ပန်းနေခြင်းကြောင့် မဟုတ်ပဲချွေးသီးချွေးပေါက်နှင့်နွမ်းလျလျဖြစ်နေသော ဘတ်ဟျွန်းကြောင့်မှန်း ဂယောင်ဆူး သိလိုက်သည်။
"အင်း...ဒါပေမဲ့ နေမဝင်ခင် မြို့တော်ကို အရောက်ပြန်ကြတာပေါ့"
"နားလည်ပါပြီ သခင်လေး"
ဂယောင်ဆူး သူတို့အနားက ခပ်လှမ်းလှမ်းတွင် ရပ်နားလိုက်သည်။ ဂယောင်ဆူးအား ဖြေပြီးနောက် မြင်းပေါ်မှဆင်းပြီးလေတဲ့ ဆယ်ဟွန်းသည် ဘတ်ဟျွန်းထံလက်ကမ်းပေးလိုက်သည်။
"ဖြေးဖြေးဆင်း...ခြေထောက်က ဒဏ်ရာနဲ့"
"ဆယ်ဟွန်းနီးကလည်း...ကျွန်တော် သက်သာနေပါပြီ"
"ဘာကို သက်သာတာလဲ လူက ဖြူဖတ်ဖြူရော်နဲ့..လိုက်ခဲ့မယ်ဆိုရင်လည်း ဒဏ်ရာသက်သာတဲ့အထိစောင့်ပေးမှာပေါ့ ဘာလို့ ဘာမှမပြောပဲ ဒီအတိုင်း လိုက္လာတာလဲ သခင်လေး ခေါ်တာဆိုရင်တောင် မင်းငါ့ကိုပြောဦးမှပေါ့...အခုတော့ကြည့် ပင်ပန်းနေပြီမဟုတ်လား.."
မြေပြင်ပေါ်ရောက်သည်နှင့် မိမိအား စိုးရိမ်တကြီးဖြစ်ကာ မျက်ခုံးတို့ တွန့်ကွေးသည်အထိ အလိုမကျဖြစ်နေသော ဆယ်ဟွန်းသည် ဘတ်ဟျွန်းမျက်လုံးထဲတွင် ချစ်စရာကောင်းလွန်းသည်။ နဖူးပြင်ပေါ်က ချွေးစတို့ကို သုတ်ပေးရင်း ပါးစပ်ကလည်း ပွစိပွစိရွတ်နေသေးသည်။ ဤလူသားသည်.. လူတွေပြောပြောနေသည့် သခင်လေးဒို၏ သွေးအေးတဲ့ သက်တော်စောင့်ဖြစ်နေသည်တဲ့လား။ စိတ်ထဲမှ ကျေနပ်မှုလှိုင်းတို့သည် မသိလိုက်ပါပဲ မျက်နှာ၏ အမူအရာအဖြစ် ပေါ်လွင်စေသွားဟန် ပြုံးလိုက်မိသည်။
YOU ARE READING
Ruler/Guardian
Fanfictionလောကမှာ ဖြစ်ချင်တာ ဖြစ်ခွင့်ရှိကြသလို ဖြစ်ချင်တဲ့အတိုင်း ဖြစ်ခွင့်မရှိတဲ့သူတွေလည်းရှိတယ်... လောက နိယာမကို ဆန့်ကျင်ပြီး နေနိုင်ကြတဲ့လူရှိသလို....အဲ့လိုလုပ်လို့မရတဲ့လူလည်းရှိတယ် ဆန္ဒကိုဖော်ထုတ်ပြီး ဘဝကို စိတ်ကြိုက်ဖန်တီးနိုင်တဲ့လူရှိသလို... မျိုသိပ်ထား...