ညီလာခံခမ်းမတွင် ကျွတ်စီကျွတ်စီအသံများဖြင့် အမတ်တို့ တစ်ဦး နှင့် တစ်ဦး တီးတိုးရေရွတ်ကြသည်။
"မင်းကြီးက ဘာလို့ ရုတ်တရက် ညီလာခံလုပ္တာလဲ"
"ငါလည်းဘယ်သိမလဲ... အမတ်မင်း ချွဲကို မေးကြည့်ပါလား"
"ငါမေမးရဲဘူးကြ..."
"ငါလည်းမမေးရဲဘူး..""အရှင်မင်းကြီး ကြွချီလာပါပြီ"
ထို တီးတိုးသံများသည် မင်းကြီးခမ်းမကို ရောက်ပြီဆိုသည့်အသံကြောင့် တိတ်သြားကာ မိမိနေရာအသီးသီး ပြန်ရောက်ရှိသွားကြသည်။
"အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ.."
မင်းကြီးအားအရိုအသေပေးပြီးသည်နှင့် မင်းကြီးထံမှ စကားသံထွက်လာသည်
"အမတ်မင်းတို့ ငါကိုယ်တော် ဘာကြောင့် ညီလာခံခေါ်သလဲဆိုတာ စဉ်းစားရခက်နေမှာပဲ..."
"မှန်လှပါ...အရှင် ဘယ်လိုအရေးကိစ္စကြောင့် ခေါ်ယူရပါသလဲ"
အမတ်တစ်ဦး၏အမေးကို ခေါင်းတငြိမ့်ငြိမ့်ပြုကာ အမတ်မင်းချွဲအား တစ်ချက်ကြည့်လိုက်သည်။ အနီ မြေခွေးအိုသည် ခေါင်းပင် မော့မလာဘဲ သူ့စကားအား စောင့်နေဟန်တူသည်။
"ကိုယ်တော် နန်းတွင်း အရာရှိစာမေးပွဲ ကျင်းပမယ်ဆိုတာ ပြောချင်လို့ပဲ.."
သူ့စကားဆုံးသည်နှင့် အမတ်တွေ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။ တချိန်လုံးငြိမ်နေသော ထို မြေခွေးအိုသည်ပင် အကြည့်တို့ ဂနာမငြိမ်ဖြစ်သွားသည်။
"ဒါ..ဒါက...ဘာအတွက်ကြောင့် ကျင်းပချင်သလဲဆိုတာ သိခွင့်ရှိမလား အရှင်မင်းကြီး"
"အဟားဟား...အထွေထူးမဟုတ်ပါဘူး..တိုင်းပြည်က သာယာဝပြောနေတော့ ပညာတတ်တွေရော ရှိမယ်လို့တွေးမိသွားလို့ပါ..ဘာရယ်မဟုတ်ပါဘူး..ဒီအတိုင်း ကိုယ်တော်နဲ့အတူ က်ား ကစားဖော်လိုချင်ရုံပဲ"
မင်းကြီး၏ ခပ်ပေါ့ပေါ့အဖြေကြောင့် အမတ်တို့ ပြုံးစစဖြင့် သရော်ဟန် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းတခါခါ လုပ်နေကြသည်။
"ကိစ္စငယ်လေးအတွက် အရာရှိစာမေးပွဲဖြေဖို့လောက်အထိက မသင့်တော်ပါဘူး ပြီးတော့... ဒီစာမေးပွဲကို မစစ်တာလည်းအတော်ကြာ...."
YOU ARE READING
Ruler/Guardian
Fanfictionလောကမှာ ဖြစ်ချင်တာ ဖြစ်ခွင့်ရှိကြသလို ဖြစ်ချင်တဲ့အတိုင်း ဖြစ်ခွင့်မရှိတဲ့သူတွေလည်းရှိတယ်... လောက နိယာမကို ဆန့်ကျင်ပြီး နေနိုင်ကြတဲ့လူရှိသလို....အဲ့လိုလုပ်လို့မရတဲ့လူလည်းရှိတယ် ဆန္ဒကိုဖော်ထုတ်ပြီး ဘဝကို စိတ်ကြိုက်ဖန်တီးနိုင်တဲ့လူရှိသလို... မျိုသိပ်ထား...