The End of True Love

3.2K 132 13
                                    

[Unicode]

ဦးနောင်ရဲစစ်ဆီက ခွင့်ပြုချက်ရပြီးတာနဲ့ မမမေစစ်နဲ့ဇဲတို့က သူ့အား အိမ်ခဏပြန်စေကာ ရေမိုးချိုးခေတ္တအနားယူစေ၏။

သို့ပေမယ့် သူမှ အဲ့လိုမလုပ်ချင်တာ ချမ်းအနားမှာပဲနေချင်သည်လေ။ ချမ်းဘယ်လောက်ထိတောင် နာကျင်နေလိုက်မလဲ?? မေ့မြောနေလို့သာ နာလို့နာမှန်းမသိတာ ဒဏ်ရာတွေက ဗလပွနဲ့။

"မမ ကျွန်တော်....."

"မငြင်းနဲ့ ကောင်းလေး....တစ်ညလုံးကားစီးလာရတာ .....ဇဲ မင်းအစ်ကိုကို ခေါ်သွားလိုက်"

မေစစ် ကောင်းကို ပြောပြီးနောက် ဇဲအားတစ်လှည့်ကြည့်ပြီး ပြောလိုက်လေ၏။

ငြင်းလို့မရနိုင်တော့သည်မို့ ကောင်း ဒီလိုပဲလုပ်ဖို့ ဆုံးဖြတ်လိုက်ရပါ၏။
.
.
.
.
.
ချမ်းကို လူနာစောင့်ဖို့ ချီချီလည်း အဖော်အဖြစ် လိုက်ပါလာခဲ့သည်။ အလုပ်တစ်ဖက်နဲ့ လူတွေမို့ ပင်ပန်းနေပါ့မယ် တစ်ယောက်တည်းစောင့်လည်း ရပါတယ်ဆိုတာတောင် အတင်းကာရော လိုက်ခဲ့ပါသော အငယ်ဆုံးလေးချီချီ။

လူနာစောင့်က ကောင်းကိုယ်တိုင် ပင်တိုင်ဖြစ်သည်မို့ ဆရာဝန်ကြီးက လူနာအခြေအနေသိချင်တိုင်း ကောင်းကို လူလွှတ်ခေါ်ခေါ်ပြီးမေး၏။

ဆရာဝန်ကြီးက ချမ်းအဖေရဲ့ သူငယ်ချင်းအရင်းကြီးဟုပြောသည်။ သူငယ်ချင်းရဲ့သားဆိုတော့လည်း အသေးစိတ်ကအစ သိပ်ဂရုစိုက်သည်ထင်။ ဒီတစ်နေ့တည်းတင် ကောင်းကိုခေါ်တွေ့တာ သုံးခါလောက်ရှိလေပြီ။

ဆရာဝန်ကြီးဆီက ပြန်လာပြီးနောက် ချီချီနဲ့နှစ်ယောက်သား စကားတွေပြောပြီးနောက်မှာ....

"ကိုကောင်း....ကျွန်တော် ခဏအိပ်လိုက်ဦးမယ်"

"အော်....ချီချီ အိမ်ပြန်အိပ်ရင် အိပ်လိုက်ပါလား အစ်ကိုစောင့်လိုက်မယ်လေ"

"ရတယ် ကိုကောင်း ကျွန်တော်ဒီမှာလဲ အဆင်ပြေတယ်....ကျွန်တော်အိပ်ပြီ"

အင်း....သနားပါတယ်... အငယ်ဆုံးလေး အိမ်တောင်မပြန်နိုင်တော့သည်အထိ ထိုးအိပ်ဖို့ပဲဖြစ်နေတာ တော်တော်ပင်ပန်းလို့ပဲနေမှာ။

You've reached the end of published parts.

⏰ Last updated: Dec 31, 2020 ⏰

Add this story to your Library to get notified about new parts!

ငါ့ကုိခ်စ္ရင္...{Completed}ငါ့ကိုချစ်ရင်...[Z+U]Where stories live. Discover now