IULM(15)

2.9K 197 13
                                    

[Zawgyi]

"ဟော...ကျွန်တော့်သားတောင် လာပြီ...ဒီမှာလာထိုင်...ချမ်းသွေး..."

ချမ်းသွေးစစ် တံခါးဖွင့်ဝင်လာစဉ် ချမ်းသွေးအဖေ ဦးနောင်ရဲစစ်က သူ့ဘေးနားလာထိုင်ရန် နေရာချပေး၏။

ကောင်းတစ်ယောက် သူ့ကို စောင့်နေတယ်ဆိုတဲ့အတွေးနဲ့ မနက်ကချိန်းထားတဲ့နေရာကို ချမ်း ကြည်နူးစွာနဲ့ အချိန်မှီလာခဲ့ပေမယ့် တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် ဆွိ့အ သွားခဲ့ရလေသည်။

စားသောက်ဖွယ်ရာတွေ အပြည့်နဲ့ စားပွဲဝိုင်းရဲ့ ဘေးခုံတွေပေါ်မှာ ထိုင်နေသည့် လူတွေ တိတိကျကျဆို လူငါး​ယောက်။ ထိုလူ​တွေကြာင့် ချမ်း ခေါင်းထဲမှာ လားပေါင်းများစွာသော မေးခွန်းတွေက ပဟေဠိသဖွယ်။ အထူးသဖြင့် ထိုငါးယောက်ထဲမှာမှ ကောင်း ပါဝင်နေရခြင်းကို သူစိတ်ဝင်စားမိ၏။

"ဒါ...ဘာတွေလဲ?"

ချမ်း သူ့အဖေပြောတာကို အာရုံမရ ...
တံခါးနားမှာ မတ်တပ်ရပ်လျက်သားဖြင့်ပင် သူ့အဖေအား မေးလိုက်၏။

"ဒါ နှစ်ဖက်မိဘ တွေ့ဆုံပြီး သားနဲ့ဒီက သမီးလေးအတွက် သားရေးသမီးရေး ပြောနေကြတာ...လာ...သား....အရင်လာထိုင်ပါဦး..."

ချမ်း သူ့အဖေပြောတာကို နားကသာထောင်နေတာ အကြည့်တွေက စားပွဲကိုသာမျက်စိကပ်မတတ် စိုက်ကြည့်နေတဲ့ ကောင်းထံတွင်သာ...။

"သူက ဒီမှာ ဘာလုပ်နေတာလဲ?"

အခုချိန်ထိ အကြည့်တွေကို တခြားနေရာ မပို့ဘဲ ကောင်းကိုမေးထိုးပြီးသာ ချမ်း ​မေးလိုက်၏။

"အခုပဲ သူ့ကိုမိတ်ဆက်ပေးပြီးတာ...သားရဲ့အခင်ဆုံးသူငယ်ချင်းလို့လေ....သားအစ်မက ဟိုမှာအလုပ်အရမ်းများတော့ မလာနိုင်လို့ ဒီက ကောင်းကျော်ထက်ကိုပဲ အဖော်ခေါ်လာခဲ့တာ..."

"အော်........"

ဒီလို ဆွဲဆွဲငင်ငင် အော်ဆိုပြီး ပြောလိုက်တဲ့အသံက သဘောကျလို့တော့မဟုတ် အံကိုခပ်တင်းတင်းကြိတ်ကာသာ ပြောလိုက်တာကြောင့် လေထုတစ်ဝိုက် အမှောင်ထုတွေဖုံးလွှမ်းလာသည်ကို ဘယ်သူမှ သတိမထားမိရင်တောင် ကောင်းကတော့ ခြေလက်ဖျားတွေ အေးစက်နေလေ၏။

ငါ့ကိုချစ်ရင်...{Completed}ငါ့ကိုချစ်ရင်...[Z+U]Where stories live. Discover now