IULM(29)

1.7K 121 8
                                    

[Unicode]

ကောင်းတစ်ယောက် Expressကားကြီးထက်ဝယ် စိတ်ပူပန်ခြင်းပေါင်းသောင်းခြောက်ထောင်နှင့် ရင်ထဲပူလောင်စွာ လိုက်ပါလာ၏။ ည ကားလက်မှတ်ရှိသေးတာကိုပဲ ကျေးဇူးတင်ရမည်။

သူတို့ရွာလေးသည် ဝေးလံခေါင်ဖျားသဖြင့် ညဘက်မှသာ ရန်ကုန်သွားသောExpress မန္တလေးသွားသောExpress ဤကဲ့သို့သာ တစ်စီးစီထွက်၏။ ဤသို့ တစ်စီးစီသာ ထွက်သဖြင့် အမြဲလက်မှတ်ပြည့်နေတတ်ပြီး ယခုလိုသွားခါနီးမှဖြတ်သော ကောင်းအတွက် လက်မှတ်ရသေးသည်မှာ တကယ်ကံကောင်းပါ၏။

ပုံမှန်အရှိန်နှုန်းဖြင့် သွားနေသော Expressပင် ယခုအချိန်မှာတော့ ကောင်းအတွက် ရက်ပေါင်းတစ်ရာလောက် ကြာနေပြီဟု ထင်ရ၏။

ကားပေါ်ရှိလူကုန် (Driverနှင့်ယာဥ်မောင်မှတစ်ပါး) တိတ်ဆိတ်ကာ အိပ်ပျော်နေကြပြီဖြစ်သော်လည်း ကောင်းအတွက်ကမူ ညနေက မမမေစစ်ပြောသော ချမ်းအခြေအနေကြောင့် ဝမ်းနည်းမှု စိုးရိမ်သောကတွေ မြင့်တက်လျက် ချမ်းထံသို့ အမြန်ရောက်စေချင်သော ဆန္ဒတွေသာ ကြီးစိုးလျက် အိပ်မပျော်ခြင်းဖြစ်၏။

~~~"ချမ်းသွေး Operation Roomထဲမှာ ကောင်းလေး"~~~

~~~"ဝင်သွားတာ တစ်နာရီလောက်ရှိပြီ အခုထိ မထွက်လာသေးဘူး"~~~

~~~"အခြေအနေက ပြင်းထန်တယ်လို့ပြောတယ်"~~~

ထိုစကားတွေက ကောင်းရဲ့နားထဲဝယ် နေရာယူကြီးစိုးလျက်.....။ ဖြစ်နိုင်မယ်ဆို အမြန်ရောက်အောင် မြေလျှိုးမိုးပျံသွားလိုက်ချင်ပါဘိ။
.
.
.
.
.
မမ မေစစ်ပြောသည့် ပုဂ္ဂလိကဆေးရုံတစ်ခုကိုရောက်သည်နှင့် information counter၌ လူနာရှင်နာမည်မေးပြီးလာရာ ချမ်းရဲ့အခန်းရှေ့လည်းရောက်ရော တံခါးဖွင့်အပြီး တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် ကောင်းတစ်ယောက် ထိုနေရာမှာတင် ရပ်နေမိကာ ကြက်သေ သေနေမိ၏။

ခေါင်း၌ ပတ်တီး... ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ခုလုံးနီးပါး ဆေးထိုးပိုက်တန်းလန်းဖြင့် ဆေးရုံကုတင်ပေါ်ဝယ် လဲလျောင်းနေတဲ့ ချမ်းကိုမြင်တော့ ကောင်းရဲ့ရင်ဘတ်ကြီးတစ်ခုလုံးအား ဆွဲစုတ်ထားသလိုနှယ် ရင်ထဲတင်းကြပ်လှ၏။ အချစ်ဆိုတာဒီလိုပါလား ချစ်ရသူခံစားရလျှင် ကိုယ်ခံစားရသလိုပင် ထပ်တူညီလှ၏။

ငါ့ကုိခ်စ္ရင္...{Completed}ငါ့ကိုချစ်ရင်...[Z+U]Where stories live. Discover now