IULM(18)

1.8K 133 2
                                    

[Unicode]

"ချီချီ! "

ဟိန်းဇဲတစ်ယောက် အိမ်အဝင်ပေါက်ဝနားကနေ လင်းရှိန်ဝါဦး‌ေလးတို့ လင်မယားနဲ့ ဧည့်ခန်းမှာ ထိုင်ပြီး စကားပြောနေသော ထက်ချီကို မြင်လေတော့ super marketက ဝယ်လာတဲ့ အထုပ်ကြီး အထုပ်ငယ်တွေကို ကပိုကရိုဆွဲလာကာ ထက်ချီဘေးနား ဝင်ထိုင်လိုက်၏။

ဒီနေ့ စနေနေ့မို့လို့အားတာနဲ့ လင်းရှိန်အဒေါ်က ဟော့ပေါ့လုပ်ကျွေးမည်ဟု ပြောတာကြောင့် ဇဲနဲ့လင်းရှိန် city Mart သွားကာ ဈေးဝယ်ခြင်းဖြစ်၏။

"သားရှိန်က ညီလေးကို ကူမသယ်ပေးဘူးလား?"

"ဒီနဲနဲလေးကို သူ့ဘာသာသူ သယ်မယ်ဆိုပြီး ကားပေါ်ကနေ အတင်းဆွဲသွားတာ မေကြီး"

အထုပ်ပေါင်းများစွာနဲ့ ဟိန်းဇဲရဲ့ အဖြစ်အပျက်ကို ကြည့်ပြီး ဒေါ်ငြိမ်းဝေ လင်းရှိန်ဝါကို ပြောလိုက်တာကြောင့် လင်းရှိန်ခမျာ သူ မကူတာမဟုတ်ကြောင်း ပြန်ဖြေရှင်းရသေး၏။

ကားပေါ်က ဆင်းတော့မယ် ဆိုတာနဲ့ ထိုကလေးက "အစ်ကို ကျွန်တော်ကို ပေး ပေး ကျွန်တော်ပဲ သယ်လိုက်မယ်" ဟုဆိုကာ ဘာမှတောင် ပြောချိန်မရလိုက် ယူသွားတာ တစ်ချိိုးတည်း။

"ချီချီ အလည်လာတာလား?"

လင်းရှိန်ဝါ ဆိုဖာခုံတစ်လုံးပေါ်ဝင်ထိုင်ကာ ထက်ချီအားမေးလိုက်လေတော့.၏။

"ဟုတ် ကိုရှိန် အိမ်ကျော်သွားလို့ တိုင်တွေပတ်နေတာ ဟား ဟား"

ထိုသို့ပြောလိုက်သော ထက်ချီရဲ့စကားကြောင့် အကုန်လုံးက ပြုံးပေမယ့် ဟိန်းဇဲတစ်ယောက်ကတော့ ဖြစ်ရမယ်ဆိုပြီး ခေါင်းသာခါနေ၏။

"သားတို့.... မေကြီး အထဲမှာ ဟင်းသွားချက်လိုက်ဦးမယ် ညီအစ်ကိုတွေ စကားပြောနှင့်ကြနော်"

"ဟုတ် မေကြီး ဟီးးး"

ဒေါ်ငြိမ်းဝေရဲ့ အပြောကိုလည်း သူမရဲ့တူဖြစ်တဲ့ လင်းရှိန်ဝါတောင် ဘာမှမပြောရသေးဘဲ မေကြီးဆိုတဲ့ နာမ်စားသံုးပြီး ချစ်စဖွယ်အပြုံးနဲ့ ပြောလိုက်တဲ့ ထက်ချီကြောင့် ကလေးချစ်တတ်တဲ့ ဒေါ်ငြိမ်းဝေတို့ လင်မယားနှစ်ယောက်မှာ အသည်းယား မဆုံးပင်။

ငါ့ကုိခ်စ္ရင္...{Completed}ငါ့ကိုချစ်ရင်...[Z+U]Where stories live. Discover now