IULM(27)

1.1K 119 6
                                    

ချမ်းသွေး ၊ လင်းရှိန် နဲ့ ဇဲ တို့သုံးယောက်သား FM Liveသွားဖို့ကို ဧည့်ခန်းထဲ၌ ထုံးစံအတိုင်း အငယ်ဆုံးလေး ချီချီအားစောင့်နေရရှာ၏။

ပုံမှန်ဆို တစ်နေရာသွားရင် Stylistတွေစီမံတာ ဖြစ်ပေမယ့် ဒီကနေ့က တစ်နာရီသာသာ ကြာမြင့်မယ့် FM Liveသာဖြစ်တာကြောင့် လေးယောက်သား ပေါ့ပေါ့ပါးပါးဖြင့် အိမ်ကနေသာ ပြင်ဆင်ပြီး သွားကြမည်ဖြစ်သည်။

"ဒီကောင်ကတော့ အခုထိမပြီးသေးဘူးလားမသိဘူး??"

နာရီတကြည့်ကြည့်နဲ့ ပြောနေသူ ဟိန်းဇဲ။

ကျန်တဲ့ အစ်ကိုနှစ်ယောက်ကတော့ ပုံမှန်စောင့်နေကြအရာလို နေသားတကျဖြင့်ပင် ဖုန်းသုံးသူကသုံး စာအုပ်ကောက်ဖတ်နေသူက ဖတ်ဖြင့်ပင်။

သုံးယောက်လုံးလည်း သိပြီးသားပါ အပြင်တစ်ခါထွက်ပြီဆို ချီချီ့ကို ဘယ်လောက်ပဲ အမြန်ပြီးအောင် လုပ်ဖို့ကြိုပြောပြော အော်ပြောပြော ဆူပြောပြော သူမှန်ကြည့်လို့ စိတ်တိုင်းကျပြီဆိုမှ မျက်နှာချိုသွေးကာ ဆင်းလာခြင်းပင်။ ဒါကြောင့် အထူးအထွေ လေကုန်ခံကာ ဘာမှမပြောကြတော့။

"Let's go bro!!!"

လှေကားရင်းကနေ အော်ကာသာ ခုန်ပေါက်ပြီး ဆင်းလာတဲ့ ချီချီ။

"FM Liveက ဒီနေ့မလား??"

ချမ်းသွေးတစ်ယောက် ချီချီကို ရွဲ့ချင်တာနဲ့ လင်းရှိန်အား မေးဆက်ပြပြီး မေးလိုက်လေ၏။

"ကိုသွေးကလည်းဗျာ.....ကျွန်တော်က သူများတွေလို ချစ်သူမရှိလို့ ပိုပြင်နေရတာပါဗျာ.....ပိုင်ရှင်ရှိပြီးသား လူတွေက ဘယ်လှဖို့လိုတော့မလဲ?? မဟုတ်ဘူးလား??နော်....နော်"

ချီချီ ချမ်းသွေးပခုံးကို တိုက်ခါ တိုက်ခါနဲ့ မေးလိုက်၏။

ထိုစကားကြားတော့ ချမ်းသွေးက ပုံမှန်တည်နေလျက် လင်းရှိန်ကတော့ အနည်းငယ် ရှက်ကိုးရှက်ကန်းနိုင်နေသော်လည်း ဇဲက ပြုံးတုန်းတုန်းဖြင့်ပင်။

နောက်ဆုံးတော့ လေးယောက်သား အိမ်ရှေ့စင်ဝင်အောက် ရပ်ထားသော ကားဆီသို့သာ ဦးတည်လိုက်တော့၏။

"ဇဲ"

ချီချီကတော့ သူ့Leaderကြီးကို ချော့နေရင်း ဘေးနားအတင်းလိုက်ကပ်ကာ ထွက်သွားသော်လည်း သူတို့နှစ်ဦး၏ ခပ်လှမ်းလှမ်း အနောက်က လိုက်သူ ဇဲ ကို..... ဇဲအနောက်မှလိုက်သော လင်းရှိန်က လှမ်းခေါ်လိုက်ခြင်းဖြစ်၏။

ငါ့ကုိခ်စ္ရင္...{Completed}ငါ့ကိုချစ်ရင်...[Z+U]Wo Geschichten leben. Entdecke jetzt