LIR

2.2K 197 2
                                    

Unicode

𝐋𝐨𝐯𝐞 𝐢𝐧 𝐭𝐡𝐞 𝐑𝐚𝐢𝐧

တိတ်ဆိတ်ခြင်း..၊၊
တိတ်ဆိတ်မှု ဆိုတာ ဘာလဲ...၊၊
ပတ်ဝန်းကျင်လား၊ ကမ္ဘာကြီးလား၊
လူသားတွေလား၊ တိရစ္ဆာန် တွေလား၊
တောတောင်တွေလား၊၊
ကျတော်က တိတ်ဆိတ်မှုကို
နှစ်သက်သူလည်း မဟုတ်ပေမဲ့
ကျတော် ငယ်ငယ်လေးထဲက
တိတ်ဆိတ်ပြီး အထီးကျန်စွာ
ကြီးပြင်းလာရတယ်...၊၊
တစ်နည်းအားဖြင့် ကျတော်က
အထီးကျန်နေတဲ့ ငှက်လေးလိုပဲ....၊၊

မိုးအေးအေးလေးမှာ ကော်ဖီခါး
တစ်ခွက်ကို ကိုင်ပြီး... ၊ဆုံလည်
ကုလားထိုင်မှာ ထိုင်ရင်း.....၊
မှန်ပြတင်းပေါက်ကနေ မြင်နေရတဲ့
မိုးစက်မိုးပေါက် လေးတွေက
အထီးကျန်သူရဲ့ အဖော်တစ်ပါးလို...၊
ရေဒီယိုက လာနေတဲ့ ခပ်ဆွေးဆွေး
အချစ် သီချင်းသံ ကလည်း အပြင်မှာ
သည်းထန်စွာ ရွာသွန်းနေတဲ့
မိုးစက်သံတွေနှင့် အပြိုင် အေးချမ်းစွာ
သံပြိုင်ဆိုနေကြ၏......၊၊

ထို မိုးသက်လေးတွေ ကြားကနေ
ခပ်ရေးရေး အရိပ်လေးတစ်ခု...
လူအရိပ်လား... ထိုအရိပ်လေးက
တဖြေးဖြေး သူ့ပန်းဆိုင်ရှေ့
မျက်ဝါးထင်ထင် ရောက်ရှိလာတယ်
သူ့ထက် အသက်ငယ်တဲ့ ကောင်လေး
တစ်ယောက်....တုန်နေတဲ့
ကိုယ်လုံးလေးက ချမ်းနေတယ်ဆိုတာ
အရိပ်ပြနေသယောင်......

မိုးရေတွေ စိုရွှဲနေတဲ့ သူ့ပုံစံလေးက
ကြွက်စုတ်လေးတစ်ကောင်လိုပဲ
ဒါပေမဲ့... ကျတော် မျက်ဝန်းထဲမှာ
သူဟာ သိပ်ကို အသက်ဝင်ပြီး
လှပတဲ့ ပန်းချီကား တစ်ချပ်လို....
စူးရှတဲ့ အသံဆာဆာလေးကလည်း
ကျတော် နားထဲ ပဲ့တင်ထပ်လျက်...

"ဦး.... မိုးခိုလို့ ရမလားဟင်...."

ခွင့်တောင်းသံ အသံချိုချိုလေးက
ကြားနေကြ တေးသွားတွေထက်
ပို၍ ချိုပြီး နူးညံ့နေ၏.....
ချမ်း၍ တုန်နေတဲ့ ကိုယ်လေး၊
နှုတ်ခမ်းပါးလေးကလည်း တုန်ရိနေလျက်
ရှောင်းကျန့် က အပြုံးချိုချို လေးနဲ့
ခေါင်းငြိမ့်ပြတော့
" ကျေးဇူးတင်ပါတယ် ဦး..." တဲ့
ကြည့်ရတာ မိုးအေးအေးလေးမှာ
အချစ်သီချင်း ချိုချိုလေးကို
ဒီကောင်လေးနဲ့အတူ နားထောင်ရမယ်
ထင်ပါရဲ့.....

Zsww One Shot Collection Where stories live. Discover now