I Love You Forever (520 Days)

6.1K 486 16
                                    

Zawgyi

I Love You Forever (520 Days)

"ရိပေါ်  ဒီနေ့ အရမ်းပျော်နေပါ့လား"

မှန်ရှေ့တွင် ဖီးလိမ်း ပြင်ဆင်နေတဲ့
ရိပေါ်ကို ကြည့်ပြီး staffတစ်ယောက်က
စနောက်လိုက်ခြင်းပင်..၊၊

"ဘယ်လိုလဲ...၊၊ လေယာဉ် ထွက်ဖို့
ဘယ်လောက်လိုသေးလဲ..၊၊"

"၂နာရီ လိုသေးတယ်...
မလောပါနဲ့ ပေါ်တိရ...၊၊ မင်းကိုကို
ထွက်မပြေးပါဘူး..၊၊"

"ဟာဗျာ...၊၊ ဦးလေးက faမို့
နားမလည်တာ..၊၊ အချစ်အကြောင်း
မသိဘဲ ကျွန်တော်ကိုပဲ ဘေးက
လိုက်ဝေဖန် မနေနဲ့...၊၊
ချစ်သူများနေ့မှာ ဦးလေးလည်း
လင်ကောင်း အဲ...မိန်းမကောင်းလေးနဲ့
တွေ့ပါစေဗျာ...၊၊"

"ပေါ်တိ မင်းတော့နော်...၊၊ "

မျက်နှာကြီးရဲကာ လက်ညိုးတထိုးထိုးနဲ့
ထွက်သွားတဲ့ staffကို ကြည့်ပြီး
ငတိ တစ်ယောက် ပြုံးစိစိ...၊၊
လွမ်းနေပြီ ကိုကို...၊၊

လေယာဉ်ကွင်းတွင် fanတွေ
ရှောင်ရတာက တစ်နေ့တာ
ဒုက္ခ တစ်မျိုး...၊၊ ကိုယ်ကို ချစ်ပေးတာ
ပျော်မိပေမဲ့ တစ်ခါတလေ သူတို့တော့
မသိဘူး၊ ကျွန်တော် အတွက်တော့
တစ်ခါတလေ ဒုက္ခ တစ်ခုလိုပဲ...၊၊

ချစ်သူ များနေ့မို့ ကိုကိုနဲ့ အတူ
လွတ်လွတ်လပ်လပ် date ဖို့
သဘောတူထားခြင်းပင်...၊၊
လေယာဉ် ပေါ်တွင် နှစ်ယောက်သား
တွေ့ဖို့ ချိန်းထားခြင်းပင်၊၊
Anti fanတွေ တိုက်ခိုက် ခံနေရတဲ့
ကိုကို အတွက် အနားကနေ
အားအင်တစ်ခု ဖြစ်ချင်တယ်၊၊
ချစ်သူများနေ့မှာ ကိုကို ကို
အစွမ်းကုန် ပျော်စေချင်တယ်၊၊

VIPခန်းတစ်ခုလုံး အပြတ်ငှားကာ
ကိုကိုနဲ့ အတူ နှစ်ယောက်ထဲ
ရှိဖို့အတွက်ဆို ဘာလုပ်ရလုပ်ရ
လုပ်မှာပဲ...၊၊ VIP အခန်းထဲတွင်
ထိုင်နေရင်း ကိုကို အလာကို
စောင့်နေမိတယ်၊၊ နားကြပ်လေး
တပ်ကာ မှေးနေတုန်း
ခပ်သင်းသင်း Jasmine
ရေမွှေးနံ့လေးက လေပြေနဲ့
အတူ ပါလာတော့ ကိုကို
လာပြီဆိုတာ သေချာပြီ...၊၊
အိပ်ချင်ယောင်ဆောင်နေလိုက်သည်၊၊

ရှောင်းကျန့် ရုပ်ဖျက်ကာ လေယာဉ်ကွင်း
ထွက်လာခဲ့သည်၊၊ အခုချိန်မှာ သူ့အတွက်
အရာရာ ဆင်ခြင်နေရသည်၊၊
ဖန်တွေ သွေးကွဲတာမျိုးလဲ
အဖြစ်မခံနိုင်၊၊ သုည ဘဝကနေ
စခဲ့တာမို့ ကျရှုံးသွားလဲ သူဗွေမယူဘူး၊၊
သူ့အတွက် support ပေးနေတဲ့
XfX Bjyx Mtjjအချို့ကိုလဲ
ရင်ထဲက လှိုက်လှိုက်လှဲလှဲ
ကျေးဇူးတင်မိတယ်၊၊

Zsww One Shot Collection Where stories live. Discover now