O,DLM

2.1K 196 32
                                    

Zawgyi

Oh, Daddy Love Me

" ဝမ်ရိပေါ် "

မျက်ပေတုံးလေးက ပေကပ်ကပ်နဲ့ သူ့ကို ကြည့်တယ်၊၊ ဒါ မထီမဲ့မြင် ပုံစံနဲ့ ဂျစ်ကန်ကန် ကြည့်နေသည်၊၊

" ငါ မကြိုက်မှန်း သိရဲ့သားနဲ့ နားကပ်ဝတ်လာကတည်းက မင်း စောက်ချိုးမပြေမှန်း ကြေညာနေတာလား "

" Daddyက အလာကြီးဗျာ၊၊ ကျွန်တော် က ဘာလုပ်လို့လဲ "

" မင်း ဘာလုပ်လဲ မင်းသိမှာပါ "

မျက်မှောင်ကြုတ်ကာ မိမိကို စိုက်ကြည့်နေတဲ့ Daddyက အတော်လေး စိတ်တိုနေမှန်း ဝမ်ရိပေါ် မြင်ရုံနဲ့ သိနေပြီ၊၊

ရှောင်းကျန့် တကယ်မကြိုက်ပါ၊၊ ဝမ်ရိပေါ် နားမှာ နားကပ်ဝတ်တုန်းကလဲ ဆူရသေးသည်၊ အခုကျ သူမကြိုက်တဲ့ အန္တရာယ် များတဲ့ ဆိုင်ကယ်လဲ စီးတယ်၊ ကျောင်းပျက်တယ်၊ ကလပ်တက်တယ်၊ ရည်းစားတွေ ထားတယ်၊ ခြုံငုံ ပြောရရင် အကုန်လုံး သူမကြိုက်တာပဲ လုပ်နေတဲ့ ကောင်ဆိုးလေး ၊၊

" Daddyကို စောစောစီးစီး ဘဝကူးစေချင်နေတာလား "

အော်ငေါက်ပြောရင် ကလေးတွေက ဆိုးတတ်တယ်တဲ့၊၊ ထို့ကြောင့် လေသံအေးအေးလေးနဲ့ ချော့မော့ မေးရသည်၊၊

" Daddyကို ပြောသားပဲ၊၊ ကျွန်တော် တို့က သားအဖ အရင်းမှ မဟုတ်ဘဲ ၊၊ Father Zoneကနေ Relationship Zoneတက်ကြမယ်လို့ ပြောတာ Daddyမှ လက်မခံဘဲ"

ကောင်းလိုက်တဲ့ သား၊၊ ရှောင်းကျန့် ဒီလို ဖြစ်မယ်မှန်း သိရင် ခြေနှစ်ချောင်း အိမ်ပေါ် ခေါ်တင်ခဲ့မှာ မဟုတ်ဘူး၊၊ အခုကျ သား ကျေးဇူးဆပ်ခံရမယ် မှတ်နေတာ သား က သူ့ကို ကြံနေတာတဲ့လား၊၊

" ရိပေါ် "

" မပြောနဲ့၊၊ Daddy အရိပ်အောက်မှာ ဒီအရွယ်ထိ ကျွန်တော် မှီခိုခဲ့ပြီးပြီ၊၊ Daddyအပေါ် ထားတဲ့ ကိုယ့်သား စိတ်တွေ သိနေရဲ့နဲ့ အနားမှာ ခေါ်ထားပြီး ဖြတ်ရခက်တဲ့ သံယောဇဉ် တွေ ပေးနေတာလား၊၊ "

" အဲ့တော့ ရိပေါ် က ဘာလုပ်မှာလဲ "

ဝမ်ရိပေါ် က သူ့ကို စူးစိုက်ကြည့်တယ်၊၊ မျက်ခုံးတွေ တွန့်ကျိုးနေတဲ့ မျက်ပေးကလေးရဲ့ မျက်ခုံးနှစ်စပ်ကြားက မှဲ့နက်လေးကို ငေးကြည့်မိသွားသည်၊၊

Zsww One Shot Collection Where stories live. Discover now