YSIBWYSNAA

2K 174 41
                                    

Unicode

Mature  Content 💣

America Private School ထက် လူငယ်တွေ တီတိုးစကားဆိုကာ အုတ်အုတ်ကျက်ကျက် ပြေးလွှား‌နေကြတယ်။ ဘုရင်မကြီး ကြွလာတာလည်း မဟုတ်ဘဲ စောက်ရမ်းကို ဖြစ်ပျက်ပြနေတယ်။
မျက်စိရှုပ်လိုက်ပုံများ ရှောင်းကျန့်က ခပ်ပေါ့ပေါ့ တွေးရင်း စီးကရက်လိပ်ကို ထုတ်တယ် ။

ဒါပေမဲ့ နှုတ်ခမ်းနား မရောက်ခင်မှာ ဆတ်ခနဲ ဆွဲလုခံလိုက်ရတဲ့ 
စီးကရက်လိပ်လေးက မရှုမလှ
ကြမ်းပြင်ပေါ် ကျသွားတယ်။
စိတ်တိုစွာနဲ့ ဖျတ်ခနဲ မော့ကြည့်တော့  အကြည့်စူးတွေက ရန်လိုနေတဲ့ ခြင်္သေ့ တစ်ကောင်အတိုင်းလေးနဲ့ တည့်တည့်တိုးတယ် ။

" စီးကရက်မသောက်ရဘူးဆိုတာ မင်းသိရဲ့နဲ့ ကျောင်း စည်းကမ်းကို မင်းပထွေး မှတ်‌နေတာလား... စည်းကမ်း ချိုးဖောက်တဲ့ အတွက် ငါးမိနစ်အတွင်း ငါ့ ရုံးခန်းကို တစ်စက္ကန့်တောင် နောက်မကျစေဘဲ လာခဲ့ "

ထိုကဲ့သို့ အမိန့်ဆန်တဲ့ လေသံနဲ့ ထိုသူက သွေးအေးစွာ Lift နှင့် လေးထပ်မြောက် သူ့အခန်းဆီတက်သွားတယ်။ ဘာတဲ့ မသွားခင် " အရေးပေါ် လှေကားကနေ တက်လာခဲ့ " တဲ့။ ချီးပဲကွာ။

အထပ်ပေါင်းများတဲ့ လေးထပ်ပေါ်
ရှောင်းကျန့်က ပြေးလွှားတက်နေရတယ်။
တောက်! ကျောင်းဆောက်ထားတဲ့
အင်ဂျင်နီယာတွေ လီးလိုပဲ ဆရာတွေ
ရုံးခန်းကို အမြင့်ဆုံး ထားစရာလိုလို့လား။

ကန်တော့ပါ၏။ ဆရာသမားတွေကို ဆဲတာ မဟုတ်ပါဘူး၊၊ စိတ်ကလေး နည်းနည်း ကြီးသွားလို့ အပြစ်လျော့ပေါ့ပေးကြပါ   ကြားကြား သမျှ နတ်အပေါင်းနှင့် အို မြင့်မြတ်လှသော အရှင်မြတ်ရေ၊၊

တစ်မိနစ်ပဲ ကျန်တော့တယ်။
ရှောင်းကျန့်ကတော့ မောဟိုက်နေပြီ။
ဘယ်အရာကိုမှ ရှုံးမလာတဲ့ ရှောင်းကျန့်က ခပ်မဲ့မဲ့ ပြုံးဖို့လည်း မမေ့ဘူး။

ကွက်တိပဲ... အချိန်က ၅မိနစ်အပြည့်၊ အရမ်းကို ခြေလျားတဲ့ ခြေတံတွေ ပိုင်ဆိုင်ထားတဲ့ ရှောင်းကျန့်ကို လျော့မတွက်သင့်ဘူး။

အခန်းတံခါးကို တဒေါက်ဒေါက်ခေါက်တော့ ယောက်ျားဆန်တဲ့ ဩရှရှ အသံလေးက "ဝင်ခဲ့" ဟု ဆိုသည်။ ဟက် အကြောတင်းလေး။

Zsww One Shot Collection Where stories live. Discover now