TF&HL

2.3K 199 1
                                    


Zawgyi

𝐓𝐡𝐞 𝑭𝒐𝒙 & 𝐻𝑢𝑚𝑎𝑛 ʟᴏᴠᴇ                                                                                                        

မိုးရွာတဲ့ တစ်နေ့.....၊၊

စံအိမ်တစ်ခုဝယ်.... ပန်းချီဆရာလေး တစ်ယောက် နေထိုင်လေသည်၊၊ တစ်ကိုယ်တည်း သီးသန့်နေတတ်သူ ပန်းချီဆရာလေး နာမည်က ရှောင်းကျန့် တဲ့၊၊ ယောက်ျား ပီသတဲ့ ရုပ်ရည်သွင်ပြင်နဲ့ ခန့်ညားတဲ့ အရပ်အမောင်းနဲ့ ထိုသူက သိပ်ကို ချောလှသည်၊၊

အပြင်က မိုးစက်တွေက သဲသဲမဲမဲ မာန်ဟုန်ပြင်းစွာ ရွာသွန်းနေသည်၊၊ လျှပ်စီးတွေလက်ရင် ရင်တုန်ဖွယ် ခြောက်ခြားစရာ မိုးခြိမ်းသံတွေ၊၊ တွေးလို့မှ မဆုံးသေး....ဖြတ်ကနဲ မီးပျက်သွားလေသည်၊၊

" ကျစ် "

အလိုမကျသံနှင့် ကျစ်သပ်ကာ မီးအိမ်လေးကို လှမ်းယူကာ ဖွင့်ထားလိုက်သည်၊၊ ရှောင်းကျန့် အိမ်က မြို့စွန်းပိုင်း၊ လူသူ နည်းတဲ့ နေရာ တစ်ခု၊၊ ဒီအိမ်လေးကို သိသူက ခပ်ရှားရှား၊၊ ဝါထိန်နေသော လက်ဆွဲ မီးအိမ်လေး ကိုင်ကာ အိပ်ခန်းဆီ ခြေလှမ်းဖို့ ပြင်စဉ်.. တံခါးခေါက်သံယဲ့ယဲ့လေး ကြားလိုက်ရသည်၊၊

ရှောင်းကျန့် ရင်ထဲ ထိတ်လန့်သွားတာ အမှန်ပင် ၊၊ မိုးကသည်း၊ မှောင်မဲနေတဲ့ ညကြီး အချိန်မှာ ဘယ်ဂြိုလ်သားက သူ့အိမ် တံခါး ခေါက်နေတာပါလိမ့်၊၊ ရှောင်းကျန့် ယောက်ျား ပေမဲ့ သူလဲ သတ္တိခဲပါ၊၊ မီးအိမ်ကို ကျစ်ကျစ်ပါအောင် ကိုင်ရင်း ခြေလှမ်းဖြေးဖြေး နှင့် တံခါး လက်ကိုင်ဘု ကို လှည့်လိုက်လေသည်၊၊

ဂျက်ကနဲ ပွင့်သွားသော တံခါးနဲ့အတူ မြင်လိုက်ရတဲ့ ဖွေးဥဥ မျက်နှာလေးက ထင်းကနဲ၊၊ လျှပ်စီး ကြောင်းက အလင်းကြောင့် ထို ကောင်လေး၏ မျက်နှာ ဖြူဖြူလေးက သူ့ကိုယ်တိုင် မျက်မြင် တွေ့ရလေသည်၊၊

" ဘယ်သူလဲ "

ရှောင်းကျန့် ခပ်မာမာလေသံနဲ့ ဆိုလိုက်တော့ ထိုကောင်လေးက ခပ်စိမ်းစိမ်း ပြန်ကြည့်လေသည်၊၊ ထို့အကြည့်က နဂါးတစ်ကောင်လို အကြည့်မျိုး၊ နောက်ကို ခြေတစ်လှမ်းဆုတ်ရင် ကြောက်လန့်မိတာအမှန်ပဲ၊၊

Zsww One Shot Collection Where stories live. Discover now