My Lover Is Hero (one shot)

5.1K 399 6
                                    

Zawgyi

"Sir သတင်းရတယ်၊၊ မူးယစ်ဂိုဏ်းရာဇာကြီးက $$$နေရာမှာ ချိန်းမယ်လို့ သတင်းရတယ်"

" ဘာ ဒါဆို ကျားသစ်နက် နဲ့ လိပ်ကြီး ငါနဲ့ လိုက်ခဲ့၊၊ ကျန်တဲ့သူတွေ ကားလမ်းတွေ ပိတ်ထားမယ်၊၊ CCTVရော ပြည်သူတွေရော အထူးဂရုပြုပါ၊၊ တရားခံက ပြည်သူတစ်ယောက်ကို ဓားစာခံ အဖြစ် ထားရင် အလောတကြီး မလှုပ်ရှားနဲ့၊၊ ဘာတွေပဲ ဖြစ်ဖြစ် ပြည်သူ့ အသက်ကို ဦးစားပေးပါ၊၊ အမြဲ သတင်းပြန်နေမှာမို့ စောင့်ကြည့်နေ ကြားလား "

"Yes, Sir "

ရိပေါ် ဝတ်စုံကို ပြင်ဆင်ဝတ်ကာ လက်ကိုင် သေနတ်လေးကို ခါးကြားမှာ ထိုးထည့်ရင်း ထွက်လာခဲ့သည်၊၊ မှာစရာ ရှိတာ မှာပြီး ဘိန်းသမားတွေ ဖမ်းဖို့ ထွက်လာခဲ့သည်၊၊ ရှန်ဟိုင်း မြို့တော်ကြီးမှာတောင် မကြောက်မရွံ့ လာပြီး မူးယစ်ဆေးရောင်းဝယ်ရဲတာ အတင့်ရဲလွန်းနေပြီ၊၊ Super Man လို တစ်ပါးသူ ဒုက္ခ ရောက်တိုင်း ကူညီပေးနိုင်မဲ့ Super Hero တစ်ယောက်ဖြစ်ဖို့က သူ့အိပ်မက်၊၊
အခုလဲ တက်သစ်စ လူငယ်တွေရဲ့ ဘဝကို ဖျက်ဆီးနေတဲ့ မူးယစ်ဆေးတွေ၊ မူးယစ်ဆေးရောင်းတဲ့ သူမှန်သမျှ အကုန်ကြိုးစင်တင်ပစ်မယ်၊၊ အသက်၂၃နှစ်သာ ရှိသေးတဲ့ ရိပေါ်ဟာ အရည်အချင်း၊ ကြိုးစားမှု၊ ဥပတိရုပ်ကအစ အဘက်ဘက်က ပြည့်စုံနေရာ ရှန်ဟိုင်း ရဲစခန်း၏ အသက်အငယ်ဆုံး ရဲမှူးလေးပင်၊၊ အမှုပေါင်းများစွာ လိုက်ပြီး မဆုတ်မနစ် ကြိုးစားလေ့ရှိတဲ့ ထိုကောင်လေးက တိုင်းပြည်၏ Heroတစ်ယောင်ပင်ဖြစ်သည်၊၊

👨‍⚕️👨‍⚕️👨‍✈️👨‍✈️

"Dr.Xiao အရေးကြီးလူနာပါ၊၊ အူအတက်ပေါက်တာ ခွဲစိတ်ဖို့ လိုနေပါတယ်၊၊"

"ကောင်းပြီ၊၊ အရာအားလုံး ပြင်ဆင်ထားရဲ့လား၊၊ "

"ဟုတ်ကဲ့၊၊ "

ရှောင်းကျန့် ခွဲစိတ်ခန်း ဝတ်စုံကို အလျှင်အမြန် လဲကာ ခွဲခန်းထဲ ဝင်သွားလိုက်သည်၊၊ ရှောင်းကျန့် အတွက် ဂျူတီကုတ်က မိသားစုလိုပဲ၊၊ ရှောင်းကျန့် ရဲ့ ရှိသမျှ အချိန်တွေ အကုန်လုံး ဆေးရုံမှာပဲ မြှုပ်နှံထားသည်၊၊ သူ့ ဘဝမှာ မိသားစုဆိုတာ မရှိခဲ့၊၊ လူနာတွေရဲ့ နွေးထွေးတဲ့ မေတ္တာ က သူ့အတွက် အေးမြတဲ့ သစ်ပင်ရိပ်ကြီးလို၊ အချိန်မရွေး နားခိုခွင့်ပေးနေတယ်၊၊ အသက် ၂၉နှစ်အရွယ် ရှောင်းကျန့် က ခွဲစိတ်အထူးပါရဂူ တစ်ယောက်ဖြစ်သည်၊၊ ရုက်ရည်၊ စိတ်ထား၊ ပညာအရည်အချင်း စတဲ့ အရာရာတွေ ပြည့်စုံကာ ကြင်နာတတ်တဲ့ ဆရာဝန်လေးမို့ ဆေးရုံ၏ ဂုဏ်ထူးဆောင်လေးပင်၊၊ လူပျိုကြီး ဘာကြောင့် မိန်းမ မယူသေးလဲတော့ မသိဘူး၊၊အချစ်ရေးနဲ့ ပက်သက်ရင် Dr. Xiaoတို့ ခေါတ်နောက်ကျနေပါ၏၊၊
ဆေးရုံ၏ ပျိုမဒီများက ဆရာရှောင်းကို မြင်ချင်လွန်းလို့ ဟန်ဆောင်ပန်ဆောင် ဆေးခန်းလာပြလေ့ရှိကြသည်၊၊ သို့သော် ရေခဲပမာ အေးစက်တည်ငြိမ်လှတဲ့ Dr.Xiaoက ပညာသားပါပါ ပြောဆိုတတ်သည်၊၊ မြောင်း ဘယ်လောက် ဖောက်ဖောက် Dr.Xiao က မြေပြန်ဖို့လေသည်၊၊

Zsww One Shot Collection Where stories live. Discover now