Ep. 1

5.4K 263 4
                                    

-Zawgyi -

ချစ်ရပါသော ရန်သူ

မှောင်မိုက်နေသည့်အချိန်ငယ်ထဲတွင်
အထီးကျန်စွာငို​နေရင်း နံရံတွင်
ကပ်ထားသော ဓာတ်ပုံများကို ကြည့်
ရင်း

"ခင်ဗျား... ခင်ဗျား ခင်ဗျား တို့ကြောင့်
ကျုပ် ဘဝပျက်ရ..."

ဓာတ်ပုံတစ်ပုံချင်းစီကို လက်ညိုးထိုးကာ ပြောလိုက်ပြီး အသက် ၄၀ကျော်
ရှိတဲ့ အနောက်တိုင်း ဝတ်စုံအပြည့်
ဖြင့်လူသည်

Company လွဲအပ်ကြောင်း
အခမ်း အနားပွဲတွင် ပြုံးပျော်နေသည့်
ပုံကို ဓားဖြင့်ထိုးကာ

"၁၈ နှစ်ပြည့်ပြီ..."

လူသတ်လို့ရပြီဆိုတဲ့ အဓိပ္ပါယ်နဲ့
မျက်ရည်များကြားက အငြိုးတွေနဲ့
ကြည့်ပြီး ပြောနေသည်။

===================

"သား....ဒီနေ့ သားကို company
မှာ မိတ်ဆက်ပေး ချင်တယ်...
အက်တာသားလိုက်ခဲ့ရမယ်.."

တစ်ချက်လွှတ်အမိန့်လိုပဲ ရှောင်လွဲ
မရတာကြောင့်

"ဟုတ်.."

ရှောင်လွဲ ခွင့်လဲမရှိပါ
မွေးစားသားအဖြစ်နဲ့ နေလာတာ
၁၄ နှစ်ရှိခဲ့ပြီမို့ တစ်ခါမှလဲ အမိန့်ကို
မလွန်ဆန်ခဲ့ဘူး

ထားရာနေစေရာသွား ဘဝနဲ့ပဲ
အသက်ကြီးလာခဲ့တာ နှစ်၂၀ရှိပြီ

================

"ဂျီမင်းရေ...ဆင်းလာခဲ့တော့..
ကြာတာ.."

ဒေါသသံနဲ့ပြောလာသည်။

"ကျွန်တော် ဒီမှာ "
ကားရှေ့တွင်ရပ်နေကာ ပြောလာသည့်
ဂျီမင်းကို လှမ်းကြည့်ကာ

"အော်...ဘယ်အချိန်တုန်းကရောက်
နေတာတုန်း ဒယ်ဒီက ဆင်းမလာသေး
ဘူးလို့.."

ခုနက ဒေါသ တွေဘယ်ရောက်သွားလဲလို့တောင်မေးချင်မိတယ်
ဒယ်ဒီ ကသိပ်ဟန်ကောင်းတာ

"ကြာပြီ...ဒယ်ဒီ အခန်းထဲက ထွက်မလာခင်ထဲက.."

"အော်"

ပြတ်လိုက်တာ တစ်လုံးထဲပဲပြောပြီး
ဖုန်းကို ကြည့်နေသည်။

ဂျီမင်းကတော့ ကားမှန်ရဲ့အပြင်
ကို ကြည့်ကာ သီချင်းလေးနားထောင်
နေသည်။

𝙳𝚎𝚊𝚛 𝙴𝚗𝚎𝚖𝚢😈Where stories live. Discover now