ep. 5

1.1K 134 4
                                    

-Zawgyi -

တစ်နေ့နဲ့ အတူရှိနေခဲ့တဲ့နေတွေက
များလို့လား မသိဘူး မုန်းဖို့တောင်မေ့နေခဲ့တယ်

သူနဲ့ အတူရှိနေခဲ့တာ တစ်ပတ်ကျော်ပြီ
ထင်ထားသလောက်မကောက်ကျစ်ဖူး
ဖြူစင်တယ် အဖော်မက်တယ်
စိတ်ဆိုးစိတ်ကောက်လွယ်တယ်
တစ်ခါတစ်လေ ကလေးလိုဆိုးပြီး
တစ်ခါတစ်လေ အစ်ကို တစ်ယောက်
လို ဆုံးမပေးတယ်

အခုလည်း

"Jungkook ထတော့ သွား....
မင်းအခန်းမင်းသွားအိပ်စမ်းပါကွာ..."

သူရေချိုးနေချိန်သူကုတင်မှာနေရာဝင်ဦးထားတာ အခုတော့အနိုးခံရပြီ

"Jungkook yrr. ...JeonJungKook! ထပါဆို
မင်းရှိရင် ငါမအိပ် တတ်ဘူး
ဘာလို့ ငါကုတင်ပဲ လာလာအိပ်နေရတာတုန်း မင်းကို မင်းအခန်းပေးထားတယ်လေ.."

နားငြီးလိုက်တာ တကယ်ပါပဲ

"အိပ်နေတာသုံးလေးရက်ရှိပြီ
Hyung ကဘာကိုမအိပ် တတ်တာလဲ..."

မှောက်ခုံအိပ်နေရင် သမင်လည်ပြန်ကြည့်ပြီး ပြောလိုက်တော့ ဘေးနားနေ
နှုတ်ခမ်း ကြီးထော်ပြီ

"မသိဘူး ထ ထ ထ"
ခေါင်းအုံးထုတော့

"အ့ Hyung! "

ခေါင်းအုံးနဲ့ မျက်နှာထုတော့မွန်းတာပေါ့ ထထိုင်လိုက်ပြီး ရိုက်နေတဲ့ လက်ကို
လှမ်းချုပ်လိုက်တယ်

ခဏတာအကြည့်ချင်းဆုံမိသည်ကို
မနေနိုင်တဲ့ကောင်လေးက

"ဖယ်! အိပ်မယ်ဆို အိပ် အိပ် ငါမင်း
အခန်းမှာသွားအိပ်မှာ.."

ဇောင့်ဇောင့်ဇောင့် နဲ့ ထွက်သွားတာ
ကြည့်ပြီး ကျေနပ်စွာပြုံးမိတယ်

Jungkook အခန်းကို ဖွင့်လုက်တော့
ပါးစပ်အဟောင်းသား ဖြစ်သွားတယ်

"Yrr. ...JeonJungKook ဆိုတဲ့
ညစ်ပတ်အိုး.... ကြည့်စမ်းကြည့်စမ်း
မုန့်အခွံတွေရော ဟာ...ဒီက ခေါက်ဆွဲခြောက်ဘူးအခွံ ဝေါ့....ညစ်ပတ်လိုက်တာ ဟာ အိပ်ရာခင်းပါပြန်လဲမရမယ်
မဖြစ်ဘူးမဖြစ်ဘူး ငါဒီမှာအိပ်ရင်
အမှိုက်ပုံမှာအိပ်နေရသလိုပဲ
ငါ့အခန်းငါပြန်မှ ဒါကြောင့်လည်း
ဒီခွေးကောင်လေးက ငါ့အခန်းပဲ လာလာ နေတာကို.."

𝙳𝚎𝚊𝚛 𝙴𝚗𝚎𝚖𝚢😈Where stories live. Discover now