ep. 7

1K 121 2
                                    


Zawgyi
======

မနက်ခင်းကို ခေါင်းကိုက်ချင်းများနဲ့ အတူ နိုးထလာသည်။

"အား...ကျွတ် ကျွတ်...ခေါင်းကိုက်လိုက်တာ "

ဒေါက်ဒေါက်
ဝုန်း

တံခါးခေါက်တာနဲ့ တစ်ခါထဲ တမ်းပြီး စောင်ခေါင်းမူးခြုံပြိး ပြန်အိပ်လိုက်တယ်

"အိပ်ပုတ်လေး...ထ သိတယ်နော်..."

တစ်ရှပ်ရှပ်နဲ့ ခြေသံက နီးကပ်လာတာ
သည်းထိတ်ရင်ဖို သရဲကားရိုက်နေရသလိုပဲ

"အား...ဟဟ..ထပြီ ထပြီ တော်ပြီ...ဟားဟား ယား တယ်....Jungkook တော်တော့
လို.ဟားဟားဟား "

အနားသွားပြီး ကလိထိုးပေးလိုက်တယ်
ညက ခိုးနမ်းတာ အမူးလေး မှတ်မိပုံမပေါ်
လောက်ပါဘူး

"ထ မနက်စာ ပြင်ထားတယ်..."

"အင်း.."

သူမျက်နှာ သွားသစ်ချိန် ကျန်တဲ့ အချိန်လေးကို ပြန်ရီတွက် မိတယ်

ဒီနေ့က ၃ရက်မြောက်
သူနဲ့ အတူ ထမင်းဟင်းချက်ပြုတ်ပြီး
ပန်းခြံမှာ သွားစားမယ် လို့ စီစဉ် ထားတယ်
သူ့ အတွက် နာကျင်စရာတွေ မေ့ပျောက်စေချင်လို့ပါ

တစ်ဖက်က လူမှလည်း

Jungkook နဲ့ ခွဲရမှာ တစ်မျိုးကြီးပဲ
နေတာဖြင့် တစ်လကျော် နှစ်လလောက်ကို
တော်တော် သံယောဇဉ် တွယ်မိသွားတယ်
ထင်တယ် ကြောက်ဖို့ကောင်းလိုက်တာ
အစထဲက မတွေ့ခဲ့ရင်ကောင်းသား
သူ့ကို မနာကျင်စေချင်ဘူး

တစ်လပြည့်ရင် ခွဲရမှာလေ

သွားတိုက်ရင်း ရင်ပူစရာတွေ တွေးနေရတယ်
သွားတိုက်ပြီး အပြင်ထွက်သွားတာနဲ့
Apron ကြီး တကားကားနဲ့ အိမ်ရှင်ထီး ကြီး
ဟင်းနေချက်နေတာ

"ဘာဟင်းလဲ "

သူ့အရပ်ကြီးက ကိုယ့်ထက်ရှည်တော့ သူ့အနောက်က နေရှေ့ကို ခြေဖျားထောက်ကြည့်
ရင်းမေးလိုက်တယ်

"အမူးပြေဟင်းချိုလေ...."

"ဝါး...မိုက်လိုက်တာ "

"အင်း ကြိုက်တယ် မှတ်လား..ခုံပေါ်မှာ
ငါးကြော်...နဲ့ အမဲကြော် "

𝙳𝚎𝚊𝚛 𝙴𝚗𝚎𝚖𝚢😈Место, где живут истории. Откройте их для себя