final part

1.4K 75 0
                                    

Unicode
ဒီနေ့အတွက်စောင့်နေခဲ့ရတာ နှစ်တွေဘယ်လောက်ကြာ ခဲ့ပြီလဲ

အမှုဟောင်းပြန်လည်စစ်ဆေးခြင်း
(လူသတ်မှု)

အကြောင်းအရာ(၁)

သေသူအမျိုးသားသည် မိမိကိုယ်ကိုယ်သတ်သေခဲ့ခြင်းမဟုတ်
မသေခင်တွင် ထိခိုက်ဒဏ်ရာတစ်ချို့
ရရှိထားကြောင်း

အကြောင်းအရာ(၂)

သေသူအမျိုးသမီးသည် မိမိကိုယ်ကိုယ်သတ်သေ ထားခြင်းဖြစ်ကြောင်း

အကြောင်းအရာ(၃)

သေဆုံးသူအမျိုးသားနှင့်အမျိုးသမီးသည် တရားဝန်ကြင်လင်မယား ဖြစ်ကြောင်း

အကြောင်းအရာ(၄)

နှစ်ဦးသားရန်ဖြစ်၍သေဆုံးခြင်း မျိုး မဟုတ်ကြောင်း

အကြောင်းအရာ(၅)

သားဖြစ်သူပျောက်ဆုံးနေကြောင်း

အကြောင်းအရာ(၆)

သေဆုံးသူအမျိုးသားပိုင်ဆိုင်ရာသည် တစ်ပါးသူလက်ထဲရောက်ရှိကြောင်း

ဒီအချက်တွေကိုကြည့်မယ်ဆို ကျွန်တော်တို့ အမှုဟာအရမ်းကို သိသာနေပါပြီ သေဆုံးသူဘာကြောင့်သေဆုံးတယ် ဘယ်လိုသေဆုံးတယ်
ဆိုတာကိုသိနေပင်မယ့် အပြစ်ရှိသူကို သက်သေနဲ့တကွ မဖမ်းဆီးနိုင်ခဲ့ဘူး

မေလ ၁၇ရက်နေ့ နံနက်၆နာရီ မိုးများဖွဲဖွဲကျနေစဉ် ကောင်လေးတစ်ယောက် အမဲရောင် ကုတ်အရှည်၊ ထီးအမဲ နှင့် လူသူကင်းမဲ့ရာ မြေဂူစိမ်းစိမ်းရှေ့
ကတိဆိုနေသည်။

"Appa ဒီနေ့ကျွန်တော်တို့ အမှုရင်ဆိုင်ရမှာ.....Appa အတွက်ကျွန်တော်အစွမ်းကုန်ကြိုးစားမှာပါ"

တရားရုံးအတွင်း အမှုရင်ဆိုင်သူ နှစ်ဦးတွင် တရားစွဲခံသူနဲ့ တရားစွဲသူတို့ တစ်ဖက် တစ်ခြမ်းစီထိုင်ကြသည်။

တရားသူကြီးမှ

" တရားစြဲဆိုခံထားသူ ဂိုချောင်ဆန်း ရဲ့ရှေ့နေဘက်မှ အမှုတင်ပြရန်"

ဒုတ်ဒုတ်

"............ "

အမှုစစ်ဆေးချက်အပြီးတွင် တရားခံ ဂိုချောင်ဆန်း ဆိုပြီး တီဗီ သတင်းမီဒီယာပေါင်းများ နဲ့ ဆိုရှယ်မီဒီယာပေါ်တွေတင် ပါမကလူအများနှုတ်ဖျားမှာပါ အလွန်တရာရွံရှာ မုန်းတီးစွာသူ့နမည်ကိုပြောဆိုကြသည်။

𝙳𝚎𝚊𝚛 𝙴𝚗𝚎𝚖𝚢😈Where stories live. Discover now