Dinner မှာ စားသောက်ပြီး ပျော်ပါးနေကြတာပေါ့ ဂျောင်ကုအတော်လေးကို မှောက်နေပြီ ထိန်းတယ်ဒါမဲ့ ရှယ်ယာဝင်တွေကအသက်ကြီးတဲ့သူတွေရဲ့ အရက်ငှဲ့မှုကိုလက်ခံတာများကြီးအခုလို့မှောက်နေရတော့သည်။
"CEO Jeon....CEO Jeon.....ခဏလောက်ထပါအုံး..."
လက်မောင်းကိုခေါင်းအုံးပြီး ခေါင်စမထောင်နိုင်တော့ဘူး ဒါကို နောက်ဆုံးကျန်တဲ့လီဆာကပဲနိုးပေးရတော့သည်။
မူးမူးနဲ့ သူ့နမည်ခေါ်တော့
"ဟင်...ပြော..."
လီဆာလည်းခန့်မှန်းလိုက်တယ်ဒီလောက်ဆိုသူတစ်ယောက်ထဲမဖြစ်ဘူးလို့ဆိုပြီး မန်နေဂျင်းမင် ကိုလှမ်းခေါ်ရတော့သည်။
ယွန်းဂီ အားချင်းရောက်လာပြီး ဂျောင်ကုကို ဒါရိုက်ဘာဘတ် နဲ့အတူတွဲပြီး ကားရှိရာသိုလိုက်ပို့ကြသည်။ ထွက်ပေါက်တူတော့ လီဆာလည်းအတူထွက်လာခဲ့လိုက်သည်။
"မန်နေဂျာManoban ကျွန်တော်တို့လိုက်လိုက်ခဲ့လိုက်တစ်ခါထဲပို့ပေးမယ်လေ..."
"နေပါစေ ရှင့် ပတ်ဝန်းကျင်မြင်ရင်မကောင်းဘူး ကျွန်မဘာသာပဲပြန်လိုက်ပါ့မယ်..."
"မဟုတ်တာ ညဥ့်နက်နေပြီ မိန်းကလေး တစ်ယောက်ထဲမသင့်တော်သူမဟုတ်လား..."
"ဟုတ် ဒါဆို ကျွန်မကိုလမ်းထိပ်ကိုပဲပို့ပေးပါ.."
"လာတက်...ဒါရိုက်ဘာဘတ် ကကျွန်တော့ကားကိုမောင်းလိုက်ပါ.."
ကားသော့ပေးလိုက်ပြီး လီဆာကို လိုက်ပို့ပေးလိုက်တယ်ထို့နောက် ဂျောင်ကုကိုအိမ်ပို့ပြီး သူလည်းအိမ်မှာပဲအနားယူလိုက်တယ်
ညကသောက်ထားတဲ့အရှိန်ကြောင့် ခေါင်းကခဲနေတယ် စိတ်လည်းမကြည်ဘူး
"ကျွတ်ကျွတ် ကျွတ်ကျွတ်ကျွတ်ကျွတ်.... အား....ခေါင်းကိုက်လိုက်တာ.. "
နားထင်ကိုဖိပြီး ထလာလိုက်သည်။မနက်စာဟင်းနံလေးရတာနဲ့
အင်း.....ဒါက လူပျိုကြီးလက်ရာပဲလို့တွေးမိတယ်
" ဘာဟင်းလဲ... "
"နိုးပြီလား ငမူး...အမဲရိုးစွတ်ပြုတ် နဲ့ ကြက်ဥလိပ်..."
![](https://img.wattpad.com/cover/252719052-288-k479568.jpg)
ESTÁS LEYENDO
𝙳𝚎𝚊𝚛 𝙴𝚗𝚎𝚖𝚢😈
Fanficချစ်တာနဲ့မုန်းတာ အတူတူပါပဲ ချစ်တာထက်မုန်းတာက ပိုပြီးလေးနက်သလို လူတစ်ကို မုန်းရင် အမုန်းကြောင့် ပိုသတိထားမိတယ် #Kookmin☘ #J. Leo ချစ်တာနဲ့မုန်းတာ အတူတူပါပဲ ချစ်တာထက်မုန်းတာက ပိုပြီးလေးနက်သလို လူတစ္ကို မုန်းရင် အမုန်းကြောင့် ပိုသတိထားမိတယ် #Kookmin☘ #...