Part (2)

1.2K 131 8
                                    

Unicode

ဆူညံသော ကားဟွန်းတီးသံများနှင့်အတူ သောမတ်စ် နိုးထလာသည်။သူ ညက ညစာပင် ဆင်းမစားပဲ အိပ်ပျော်သွားခဲ့သောကြောင့်
သူ၏ အစာအိမ်မှာ ဆန္ဒ ပြနေလေပြီ။
ခပ်သုတ်သုတ် သန့်စင်ဆေးကြောပြီး အောက်ထပ်သို့ ဆင်းကာ ထမင်းစားခန်းတွင်းရှိ စားပွဲတွင် ဝင်ထိုင်နေလိုက်သည်။စားပွဲတွင် မစ်စ် ဘယ်ရီ က အသင့်ရှိနေသည်။မစ်စ် ဘယ်ရီက ဆင်းလာသော သောမတ်စ် အားကြည့်ပြီး ပေါင်မုန့်ကို strawberry ယို ဆက်သုတ်နေသည်။သောမတ်စ်က ထိုင်နေရင်း မစ်စ် ဘယ်ရီအားစနောက်လိုသောကြောင့် မစ်စ်ဘယ်ရီ ယိုသုတ်နေသော ပေါင်မုန့်ကို ဆွဲယူကာ ပါးစပ်ထဲ အလျှင်အမြန်ထည့်လိုက်သည်။ပေါင်မုန့်တစ်ခုလုံး ကို စားလိုက်ရသောကြောင့် ပါးစပ်ထဲတွင် ပြည့်လျှံ ကာ နင်ချင်သလို ဖြစ်နေတော့သည်။ထိုအခါ မစ်စ်ဘယ်ရီက သူ့အား ကော်ဖီခပ်နွေးနွေးအား ကမ်းပေးပြီး

"ဟဲ့ ကောင်လေး ဖြည်းဖြည်းမစားဘူး
အခုတော့ နင်နေပြီမလား ရော့ ဒီမှာ ကော်ဖီသောက်"

မစ်စ်ဘယ်ရီ အား တစ်ချက်ပြုံးကြည့်ပြီး ကမ်းလာသော ကော်ဖီ ကို သောက်လိုက်သည်။Espresso ကို ပိုထည့်ထားပြီး steamed milk နဲ့ ရောစပ်ဖျော်ထားတဲ့ သူ့အကြိုက် Latte လေး
မစ်စ် ဘယ်ရီက သူ့အကြိုက်ကို ယခုထိ မမေ့သေး။
အတိတ်တွေကို ပြန်တွေးမိကာ ပတ်ဝန်းကျင်ကို မေ့နေပြီး Latte ကိုသာ တစ်ငုံပြီးတစ်ငုံသောက်နေလိုက်သည်။ထိုစဥ် မစ်စ်ဘယ်ရီ မှ-

"သား တော်တော်များ သဘောတွေ့ရဲ့လား"

သောမတ်စ် ခေါင်းငြိမ့်ပြလိုက်ပြီး

"ကျွန်တော် အိမ်ကို ၉ နှစ်နီးပါး ပြန်မလာနိုင်ခဲ့ရတာတောင် အမေက ကျွန်တော့် အကြိုက်ကို မမေ့သေးဖူးပဲ"

သောမတ်စ်ရဲ့ စကားကို မစ်စ်ဘယ်ရီ က ခေါင်းတငြိမ့်ငြိမ့် ဖြင့်နားထောင်နေလိုက်သည်။ဒီ သောမတ်စ် ဆိုသော ကောင်လေး၏ ဘဝ မည်မျှ ကြမ်းတမ်းသည်ဆိုတာကို သူအသိဆုံးမလား။ သောမတ်စ်၏ အကြောင်းကို ပြန်စဥ်းစားမိရင်း မျက်ရည်များ အလိုလို ရစ်ဝိုင်းလာသည်။ ထိုအချင်းအရာကို သောမတ်စ်မြင်တော့

I'm The Husband Of A Villain (ငါကဗီလိန်တစ်ယောက်ရဲ့ခင်ပွန်း)Where stories live. Discover now